(ဂ)-လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ယခင်အောင်မြေသာယာ ဘောလုံးကွင်းအား မြို့နယ်အဆင့် ဘောလုံးအားကစားကွင်းအဖြစ် သတ်မှတ်ပေးပြီး အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

လှိုင်သာယာမြို့နယ်မှာ လူဦးရေရှစ်သိန်းကျော်ခန့်နေထိုင်ပြီး လူနေထူထပ်သော မြို့နယ်တစ်ခု ဖြစ်သောကြောင့် လူငယ်လူရွယ်များ စာရိတ္တမြင့်မားရေး၊ ကိုယ်ကာယကြံ့ခိုင်ရေး ကျန်းမာသန်စွမ်း စေပြီး မူးယစ်ဆေးဝါးအန္တရာယ် ဒုစရိုက်လောကမှ ကင်းဝေးနိုင်စေရန်နှင့် အားကစား စိတ်ဓာတ် မြင့်မားလာစေပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရန်အတွက် အဆင့်မီအားကစားကွင်း လိုအပ်လျက် ရှိနေပါသဖြင့် ပြည်သူများက အဆင့်မီအားကစားကွင်းအဖြစ် ပေါ်ပေါက်လာရေးအတွက် များစွာမျှော်လင့် တောင့်တနေကြပါကြောင်း၊ မိမိတို့မြို့နယ်တွင် အားကစားဆောင်ရွက် နိုင်ရန်အတွက် ကစားစရာအားကစားကွင်းများ၊ ကစားစရာနေရာများ မရှိတော့သဖြင့် လူငယ်များအားကစား မလုပ်နိုင်ကြသည့်အတွက် ဒုစရိုက်အမှောင်လောကနှင့် မူးယစ်ဆေးဝါး လောကကို တွန်းပို့ပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ လူငယ်လူရွယ်များ အားကစား မလုပ်နိုင်ပါက ကျန်းမာသန်စွမ်းရေး၊ စာရိတ္တမြင့်မားရေး၊ ကိုယ်ကာယကြံ့ခိုင်ရေးလည်း မကောင်းနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်မြေသာယာကွင်းအား အုတ်ခြံစည်းရိုးခတ်ခြင်း၊ အဆင့်မီ အားကစားကွင်းအဖြစ် ပြုပြင်တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အဆင့်မီအားကစားကွင်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ပြုပြင်တည်ဆောက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလမှ စတင်တည်ဆောက်ပေးမည်နှင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။