(က)-ပြင်ဦးလွင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်

2020-12-16

ပြင်ဦးလွင်မြို့သည် ခရိုင်မြို့ကြီးဖြစ်သည့် အားလျော်စွာ ရပ်ကွက်ကြီး ၂၁ ခုရှိရာ ဝန်ထမ်းများစွာရှိ သကဲ့သို့ အခြေခံပြည်သူများ အမြောက်အမြားစွာရှိပါကြောင်း၊ တစ်နေကုန် ရရာအလုပ်ထွက်လုပ် နေကြသဖြင့် အဆင်ပြေသလို မိမိရင်သွေးကို တနေ့ကုန်ထားရသဖြင့် ရင်သွေးများ အဆင်ပြေစေ ရေးအတွက် အခက်အခဲများကြုံတွေ့ရပါကြောင်း၊ ကလေးသူငယ်များမှာ အနာဂတ်တွင် တိုင်းပြည်တာဝန် ကိုယူရန်အတွက် ကာယ၊ ဉာဏဖွံ့ဖြိုးသောနိုင်ငံသားများဖြစ်ရန် လိုအပ်ပါကြောင်း၊ ၎င်းအရွယ်လေး များသည်  Brain Development ခေါ်သည့် ဦးနှောက်ဖွံ့ဖြိုးမှု၊ Amuse System ခေါ်သည့် ခန္တာကိုယ်မှ တုံ့ပြန်နိုင်သည့် စွမ်းရည်အားကောင်းမှု၊ ဒီအချိန်မှာ Development ဖြစ်ပါကြောင်း၊  ထိုနည်းတူစွာပဲ Nutrition မကောင်းပါက အရပ် ပုသည့်နိုင်ငံသူနိုင်ငံသားများထွက်လာပါကြောင်း၊ ၃၀ ရာခိုင်နှုန်း လောက် သည် အရပ်ပုသည့်နိုင်ငံသူ နိုင်ငံသားစာရင်းထဲမှာတွေ့ရပါကြောင်း၊ ထို့ကြောင့် အခြေခံပညာ မူလတန်း မတက်ရောက်မီ စနစ်တကျပြုစုပျိုးထောင်ရမယ့်ကလေးများအတွက် လူမှုဝန်ထမ်းဦးစီး ဌာနမှ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းဖွင့်လှစ်ပေးရန် အမြန်လိုအပ်နေပါကြောင်း၊ ထိုသို့ ဖွင့်လှစ် ပေးနိုင်ရန် မြေနေရာကိုလည်း ပြင်ဦးလွင်၌ စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေး သူငယ်များအား စနစ်တကျပြုစုပျိုးထောင်ပေးနိုင်သည့် လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်း ကျောင်းနှင့် မူကြိုကျောင်းကို ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ်ပေးရန်  အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ သိလိုကြောင်းမေးမြန်းပါသည်။