(ဇ)-JICA(Two Step Loan) ဖြင့် လယ်ယာလုပ်ငန်းကဏ္ဍ (Farming) နှင့် လယ်ယာကဏ္ဍကို အခြေခံ သော စီးပွားရေးလုပ်ငန်းကဏ္ဍ(Agri-business) များအတွက် ချေးငွေထုတ်ချေးရာတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အကျိုးသက်ရောက်မှု ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုစီမံကိန်း နှစ်ဆင့်ချေးငွေ Agricultural and Rural JICA Two Step Loan (ARTSL) နှင့်စပ်လျဉ်းပြီး လယ်ယာကဏ္ဍ (Farming)နှင့် လယ်ယာကဏ္ဍကိုအခြေခံသော စီးပွားရေးကဏ္ဍ (Agri-business) လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများသို့ နှစ်တိုနှစ်ရှည်ချေးငွေ များကို JICA Two Step Loan ချေးငွေဖြင့် Two Step Loan နှစ်တိုနှစ်ရှည်ချေးငွေများကို တစ်ဧကမှ ၅၀ ဧကအထိ လုပ်ကိုင်သော တောင်သူများသို့ တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ လယ်သမားအစုအဖွဲ့အနေဖြင့်လည်းကောင်း ထုတ်ချေးမည်ဟု သိရပါကြောင်း၊ ချေးငွေစည်းကမ်းချက်များ အနေဖြင့် အမှတ်စဉ်(က)မှ (ဍ)အထိ (၁၃)ချက်ပါဝင်ပြီး ချေးငွေ ယူခွင့်မပြုသူများကိုလည်း အချက်ခုနစ်ချက်နှင့် ကန့်သတ်ထားပါကြောင်း။ တောင်သူတစ်ဦးချင်းသည် ချေးငွေအတွက် အာမခံတင်သွင်းရာတွင် (က) ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများတွင် စုဆောင်းရန်၊ (ခ) လယ်ယာ မြေ လုပ်ကိုင်ခွင်လက်မှတ် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ (၁၀၅) မူရင်းကို ဘဏ်တွင် အပေါင် ထားရှိရန်၊ (ဂ) ဘဏ်ချေးငွေဖြင့်ဝယ်ယူထားသော လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာကို အခြေခံသော စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသည့်စက်များနှင့် ယာဉ်များ၊ ဘဏ်ချေးငွေဖြင့် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ခြင်းပြုလုပ်သည့် Agri-business လုပ်ငန်းဖြစ်သည့် စက်ရုံများ၊ ဂိုဒေါင်နှင့် သိုလှောင်ရုံများ စသည်တို့ကို ချေးငွေမကျေမချင်း ဘဏ်သို့ အာမခံတင်သွင်း ရန်၊ (ဃ) ချေးငွေအတွက် အထက်ဖော်ပြပါ(က)၊ (ခ)၊ (ဂ)တို့အရ တင်သွင်း သောအပေါင်ပစ္စည်းဖြင့် မလုံလောက်ပါက ချေးငွေယူသူ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဘဏ်သို့အာမခံတင်သွင်းရန်၊ လိုအပ်ပါက မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအတွက် မီးအာမခံထား ရှိရန်၊ (င) ချေးငွေအတွက် အာမခံပေးမည့်သူနှစ်ဦးလိုအပ်မည်ဖြစ်ပြီး အဆိုပါအာမခံသည့်၊ တင်သွင်း ထားသည့်သူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ခိုင်လုံမှုပုံစံ ပိုင်ဆိုင်မှုရှိစေရန်၊ အကယ်၍ ချေးငွေအတွက် အာမခံထားသည့် မိုးလေဝသအာမခံအမျိုးအစားများကို အာမခံထားရှိပါက အပေါင်ပစ္စည်းလိုအပ်မှုကို လျှော့ပေါ့ စဉ်းစားမည်ဖြစ်ကြောင်းကိုလည်း ညွှန်ကြား ချက်ထဲတွင် တွေ့ရှိရပါကြောင်း၊ ချေးငွေနှင့်ပတ်သက်ပြီး တောင်သူလယ်သမား တစ်ဦးချင်းအတွက် အများဆုံးချေးငွေပမာဏမှာ ကျပ်သန်း ၅၀၊ လယ်သမားအစုအဖွဲ့အတွက် အများဆုံးချေးငွေ ပမာဏမှာ ကျပ်သန်း ၅၀၀ ဖြစ်ပြီး တောင်သူ၏အမှန်လိုအပ်ချက်၊ ပြန်လည်ပေးဆပ်နိုင်စွမ်း၊ ချေးငွေ စည်းကမ်းချက်များနှင့်အညီ စိစစ်ပြီး ငွေပမာဏကိုထုတ်ချေးမည်ဖြစ်ကြောင်း၊  ချေးငွေသက်တမ်းမှာ နှစ်တိုချေးငွေ လေးနှစ်၊ နှစ်ရှည်ချေးငွေ ငါးနှစ်ဖြစ်ပြီး နှစ်ချင်းပထမအရစ်၊ ဒုတိယအရစ် စသဖြင့် ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို စုငွေအဖြစ်လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို လုပ်ငန်း လှည့်ပတ်ငွေအဖြစ်လည်းကောင်း၊ ကျန်ငွေကို စက်ကိရိယာဝယ်ယူရန် အတွက် လည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရှိရသည့်အတွက် လုပ်ကွက်ငယ်တောင်သူလယ်သမားများ အတွက် ငွေထုတ်ချေးရန် အခက်အခဲများရှိလာနိုင်သလို မဝံ့မရဲဖြစ်လာနိုင်ပါကြောင်း၊ JICA မှ စတင်ထုတ်ချေးငွေမှာ အတိုး ဝ.၀၁ ရာခိုင်နှုန်းဖြစ်သော်လည်း တောင်သူများသို့ထုတ်ချေးသည့် ချေးငွေအတိုးမှာ ရှစ်ရာခိုင်နှုန်းယူသည့်အတွက် အတိုးပေးရန် မြင့်မားလျက်ရှိပါကြောင်း၊  ချေးငွေ၏ စနစ်မှာ လယ်ယာသုံးစက်ကိရိယာများကို ဝယ်ယူသုံးစွဲရန် အဓိကထားဆောင်ရွက်သည်ကို တွေ့ရှိရပါ ကြောင်း၊ ၎င်းချေးငွေစနစ်မှာ တောင်သူလယ်သမားကြီးများနှင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်သော ကုန်သည်ကြီးများသာ ပိုမိုအဆင်ပြေ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိသိလိုသည်မှာ (၁) JICA Two Step Loan ဖြင့် ချေးငွေထုတ်ချေးရာတွင် မြို့နယ်များအားလုံး ထုတ်ချေးပေးနိုင်ခြင်းရှိ/မရှိ၊ (၂) လယ်ယာမြေတစ်ဧကလျှင် ထုတ်ချေးနိုင်မည့် ခန့်မှန်းငွေပမာဏ၊ (၃) ချေးငွေအတိုး လျှော့ပေး နိုင်ခြင်း ရှိ/မရှိ၊ (၄) ထုတ်ချေးကာလမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အထိ ဖြစ်သော်လည်း ယခုအထိ ထုတ်ချေးနိုင်ခြင်းမရှိသေးသည့်အတွက် မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေး ပေးမည်နည်းနှင့် (၅) လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အကျိုးသက် ရောက်မှုရှိ/မရှိ သိရှိလို ပါကြောင်းမေးမြန်းပါသည်။