(ခ)-မင်းဘူးမြို့ မန်းတာဘိုင်ဓာတ်အားပေး စက်ရုံတွင် နှစ်ကာလကြာမြင့်နေပြီဖြစ်သော OCB Feeder များ အား အသစ်များလဲပေးရန်နှင့် မင်းဘူးမြို့ကို သီးခြား 1 Feeder ထုတ်ပေးရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်မင်းဘူးမန်းတာဘိုင်ဓာတ်အားပေး စက်ရုံသည် မင်းဘူးမြို့နယ်အတွင်းရှိ စကုမြို့နယ်၊ ငဖဲမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့အပြင် သရက်ခရိုင်တွင်ရှိသည့် မင်းလှမြို့နယ်ကိုပါ လျှပ်စစ်ဓာတ်အားများ တစ်ဆင့်ပြန်လည် လွှတ်ပေးနေရပါကြောင်း၊ မန်းတာဘိုင်တွင်ရှိသည့် 33 KV OCB Feeder များသည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းနေပြီ ဖြစ်သည့်အတွက် မကြာခဏလျှပ်စစ်မီးပြတ်ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ၎င်းနေရာတွင် ကျေးငှက်များ ဖြတ်သန်းသွားလျှင် လျှပ်စစ်မီးပြတ်သည့် အခြေအနေ တွေ့ကြုံနေရပါကြောင်း၊ ထို့ကြောင့် အရည်အသွေးပြည်‌့ဝကောင်းမွန်သည့် OCB Feeder အသစ်များဖြင့် အစားထိုးလဲလှယ်ရန်လည်း လိုအပ်လျက် ရှိနေပါကြောင်း၊ ၎င်းအပြင် မင်းဘူးမြို့နှင့် ထောက်ရှာပင် ရေနံမြေကိုလည်း ၃၃ KV Feeder နှစ်လိုင်းတွဲထားပြီး ဆောင်ရွက်ထားသည့်အတွက် အဆင်မပြေမှုများ ကြုံတွေ့နေရသည့်အတွက်ကြောင့် မင်းဘူးမြို့ကို သီးခြား 1 Feeder ထုတ်ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းဘူးမြို့ မန်းတာဘိုင်ဓာတ်အားပေး စက်ရုံတွင် နှစ်ကာလကြာမြင့်နေပြီဖြစ်သည့် OCB Feeder များအစား အရည်အသွေး ပြည့်ဝကောင်းမွန်သော OCB Feeder အသစ်များလဲပေးရန်နှင့် မင်းဘူးမြို့နှင့် ထောက်ရှာပင် မန်းရေနံမြေ နှစ်လိုင်းတွဲမှ မင်းဘူးမြို့ကို သီးခြား 1 Feeder ထုတ်ပေးရန်တို့ကို မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။