(ဂ)-ပေါက်မြို့နယ် အခြေခံပညာ ကျောင်းများတွင် လစ်လပ်နေသော သင်ကြားရေး ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် စီမံရေး ဝန်ထမ်းများအား အလျင်အမြန် ခန့်ထား ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပေါက်မြို့နယ်သည် ရပ်ကွက်ကျေးရွာအုပ်စု ၇၁ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၂၃၅ ရွာ ရှိပါ ကြောင်း၊ တရားဝင်ကျေးရွာအမည်ပေါက်ရန် ကြိုးစားနေသည့် ၂၂ ရွာရှိပါကြောင်း၊ အခြေခံပညာကျောင်း များ အနေဖြင့် စုစုပေါင်း ၂၃၇ ကျောင်းရှိပြီး စာရင်း၊ ဇယားများကို လေ့လာကြည့်သည့်အခါ ရာနှုန်းပြည့် ဝန်ထမ်းခန့်ထားနိုင်သည့် ကျေးရွာများရှိသလို ရာနှုန်းပြည့် လိုအပ်နေသည့် ကျောင်းများလည်း ရှိပါ ကြောင်း၊ ၃၃ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ခန့်ထားနိုင်သည့် ကျေးရွာမျာလည်းရှိပါကြောင်း၊ ကျေးရွာ ပြည်သူများမှ မိမိတို့ကလေးများ၏ ပညာရေးအတွက် ရန်ပုံငွေကောက်ခံပြီး ကျေးရွာနှင့် ကျေးရွာ အနီးနား ပတ်ဝန်းကျင်ရှိ အခြေခံပညာအထက်တန်းအောင်များ၊ ဘွဲ့ရလူငယ်များကို ငှားရမ်းပြီး ဖြေရှင်းနေရ သည့် ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ်၏ အခြေခံပညာကျောင်းများ တွင် လစ်လပ်နေ သည့် ဆရာ/ဆရာမ ဝန်ထမ်းများနှင့် စီမံရေးရာဝန်ထမ်းများကို ခန့်ထားပေးရန် အစီအစဉ်ရှိ /မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။