(က)-အမျိုးသမီး/သက်ကြီးရွယ်အို၊မသန်စွမ်းသူ/မူး ယစ်ဆေးဖြတ်ပြီးသူများကိုစောင့်ရှောက်မည့်လုပ် ငန်းစဉ်များ၌သက်ဆိုင်ရာဝန်ကြီးဌာနမှအောက်ခြေ ထိ မည်သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း မေးခွန်း အကြောင်းအရာ
မိမိတို့ လေ့လာသိရှိထားသည်များအရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဦးစီးဌာနနှစ်ခုနှင့် လုပ်ငန်းတာဝန် (၈) ရပ်ကိုတွေ့ရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဆိုပါကလက်တွေ့ဘဝတွင် လူမှုဒုက္ခ အဝဝကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပါကြောင်း၊ အခြေခံပြည်သူများ အနေဖြင့် ယခုကဲ့သို့ ရရှိသော ၎င်းတို့၏ အခွင့်အရေးများကို သိရှိသူရှားပါကြောင်း၊ သိရှိတဲ့သူတွေ ရှားပါးနေပါတယ်။ အမျိုးသမီးများ၏ အမျိုးမျိုးသော အနိုင်ကျင့်သဘောခံစားရ၍ အကြံဉာဏ်တောင်းဆိုချက် နှင့် အမျိုးသမီးတွေကို စောင့်ရှောက်ပေးနိုင်သော နေရာများကိုလည်း တမ်းတနေကြသည်ကို တွေ့ရှိရပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုကြားသိရသော ဝေးလံခေါင်ဖျားဒေသများတွင်လည်း မခံစားရသေးသော လူမှုကိစ္စအကူအညီများရရှိသင့်ပါကြောင်းနှင့် ရရှိ မည်ဆိုပါက ထိရောက်အကျိုးများပါ လိမ့်မည် ဖြစ်ပါကြောင်း၊ အမျိုးသမီးရေးရာနှင့် မိခင်၊ ကလေးလူမှုရေးအဖွဲ့ အစည်းများကိုလည်း အမျိုးသမီးထုတစ်ရပ်လုံး၏ ယုံကြည်အားထားရသော အဖွဲ့အစည်းတစ်ခုအဖြစ်ကို အားကိုးလိုကြပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန်နှင့် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူနှင့် မူးယစ်ဆေးဝါးဖြတ်ပြီးသူများကို စောင့်ရှောက်မည့်လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနက အောက်ခြေထိမည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။