(ဃ)-Market Development Criteria ကို အတိအကျ Commitment သတ်မှတ်ပေးပြီး ၎င်းအတိုင်း မလုပ်ဆောင်ပါက လိုင်စင်ရုပ်သိမ်းနိုင်သည်အထိ စည်းကမ်းချက်များ ပါဝင်မှု ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံခြားဘဏ်များရွေးချယ်ခွင့်ပြုရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ထောင်စုလွှတ်တော် တွင် ၂၅-၆-၂၀၁၄ ရက်နေ့က လာရောက်ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လာရောက်ရှင်းလင်းခဲ့ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုဘဏ်မှ လာရောက်ရှင်းလင်းစဉ်က နိုင်ငံခြားဘဏ် များ ရွေးချယ်ခွင့်ပြုရေးနှင့်ပတ်သက်၍ Main Criteria (၃) ခုအနက်မှ Market Development Criteria များကို အမှတ်အများဆုံးပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံခြားဘဏ်များမှလည်း Request For Proposal (RFP) ကို ဗဟိုဘဏ်သို့တင်ပြသည့်အခါတွင် အမှတ်အများဆုံးရရှိရန်အတွက် ရေးဆွဲတင်ပြကြမည်သာဖြစ်ပါကြောင်း၊ လက်တွေ့တွင် နိုင်ငံခြားဘဏ်များအနေဖြင့် မိမိဘဏ်ရပ်တည်နိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး Commitment ပေးထားသော မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှု၊ ငွေကြေးကဏ္ဍတိုးတက်ရေးအတွက် ပံ့ပိုးမှုနှင့် ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး အကူအညီ ပေးမှုများကိုလည်း မည်သည့်အတိုင်းအတာ၊ မည်သည့်အရေအတွက်၊ မည်သည့်ခုနှစ်အတွင်း၊ မည်မျှ ပံ့ပိုးရမည်ဆိုသည့် တိကျသောဖော်ပြချက်နှင့် အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အကယ်၍ ဖော်ပြပါအရေအတွက်နှင့် သတ်မှတ်ချိန်များအတိုင်း လိုက်နာပံ့ပိုးနိုင်မှု မရှိပါက လိုင်စင် ပြန်လည်ရုပ်သိမ်းရန် မလွယ်ကူသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအား Supervisory Board အနေဖြင့် မည်ကဲ့သို့ စောင့်ကြည့်ဆောင်ရွက်ရမည်ကို လည်းကောင်း၊ လုပ်ကိုင်ခွင့် လိုင်စင်ကို ထုတ်ပေးသည့်အခါ RFP တွင်ပါရှိသည့် Open Mark အတိုင်း ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နိုင်မှု မရှိပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်းကို လိုင်စင်ခွင့်ပြုချက်တွင် ထည့်သွင်းဖော်ပြ လက်မှတ်ရေးထိုးထားရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ ပထမမေးခွန်းအနေဖြင့် Market Development Criteria ကို အတိအကျ သတ်မှတ်ပေးပြီး Commitment ရယူထားရန်နှင့် ၎င်း Commitment အတိုင်း မလုပ်ဆောင်နိုင်ပါက လိုင်စင်ရုပ်သိမ်းနိုင်သည်အထိ စည်းကမ်းချက်များ ပါဝင်မှုရှိ/မရှိ ရှင်းလင်းစွာသိလိုပါကြောင်း။
ဒုတိယမေးခွန်းအနေဖြင့် Fore Branch, Subsidiary နှင့် JV တို့တွင် BOT Capital Ownership, Completenence, Finical Statement, Security Requirement, Textion စသည့် Criteria များအား တိကျစွာ သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုလိုသော ပါစီဘရန့်တွင် Fore Branch နှင့် Subsidiary ပါ လိုင်စင်ပါအချက်များအား ရောနှောသုံးစွဲထားသည့်အပြင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ Subsidiary ကဲ့သို့ မှတ်ပုံတင်မှု ရှိ/မရှိကို တိကျစွာရှင်းပြရန် လိုအပ်ပါကြောင်း၊ Subsidiary ကဲ့သို့ Capital ကို ဗဟိုဘဏ်မှ Lock in လုပ်ထားခြင်းမှလွဲ၍ Fore Branch ပါလုပ်ပိုင်ခွင့်များ အပြည့်အဝပါဝင်နေသဖြင့် Subsidiary ပါ အချက်များအပြင် Fore Branch ပါ အချက်များအား မည်မျှပါဝင်သည်ကို ဆန်းစစ်ရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုလိုသော Quality Branch of Criteria များအား အသေးစိတ် သတ်မှတ်ထားခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။