(ခ)-ဟုမ္မလင်းမြို့နယ်၊ နောင်ဆန်းကျင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနအား စံကိုက်အဆောက်အအုံပုံစံအဖြစ် ၂၀၁၄-၂၀၁၅ နောက်ဆက်တွဲ ဘတ်ဂျက်တွင် ဆောင်ရွက်ပေးရန်နှင့် ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်း ခန့်အပ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဦးအေး (ဟုမ္မလင်း)ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသည် လွန်ခဲ့သည့်အနှစ် ၄၀ ခန့်က ကျေးရွာသူ/ကျေးရွာသားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြသည့် အဆောက်အဦဖြစ် ပါကြောင်း၊ နှစ်ပေါင်း ၄၀ ကြာပြီဖြစ်သောကြောင့် အဆောက်အဦသည် သစ်သားတိုင်၊ သစ်သားကာ၊ သွပ်မိုးဖြစ်သည့်အတွက် ဥပဓိရုပ်မကောင်းရုံသာမက အန္တရာယ်ရှိသော အဆောက်အအုံအဖြစ် ကျရောက်နေသည့် အတွက် စံကိုက်အဆောက်အဦအဖြစ် အမြန်ဆုံးဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ၊ RECO စတင်ခွင့်ပြုစဉ်ကပင် ဖွဲ့စည်းပုံထဲတွင် ပါမလာသော ကျန်းမာရေးဆရာများကြောင့် ဝန်ထမ်းများ လစ်လပ်နေသည့်အတွက် ယခုကာလတွင် ဖွဲ့စည်းပုံအသစ်နှင့် ဖြည့်စွက်ပြီးပေးနိုင်ပါရန် အဆောက်အဦပုံစံကိုလည်း မိမိတို့အနေဖြင့် ဓာတ်ပုံနှင့်တကွ တင်ပြထားပြီးဖြစ်သည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နောက်ဆက်တွဲ ဘက်ဂျက်တွင်ထည့် သွင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။