(ဂ)-လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ ရထား ပို့ဆောင်ရေးများနှင့် ပတ်သက်၍လာမည့် အနာ ဂတ်တွင်ပြောင်းလဲတိုးတက်မှုနှင့်ယခု(၅)နှစ်ကာ လအတွင်း ပြောင်းလဲတိုးတက်မှု မရှိခြင်းအပေါ် မည်သို့ သုံးသပ်သည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-16

အစိုးရသစ်ကာလ ငါးနှစ်တာအတွင်း နိုင်ငံတော်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန်  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းငန်းများအနက်ဦးတင်မောင်ဦး(ရွှေပြည်သာ) ပို့ဆောင်ရေးကဏ္ဍကိုလေ့လာမည်ဆိုပါက လေကြောင်း၊ ရေကြောင်းနှင့် ရထားလမ်းများ၊ လေယာဉ်၊ သင်္ဘောနှင့် ရထားတွဲများ၏ အဆင့်အတန်းနှင့် လုံခြုံစိတ်ချမှုအခြေအနေ၊ နှင့် ၎င်းတိုးနှင့် ဆက်စပ်လျက်ရှိသော အဆောက်အဦများ၊ ဘူတာများ၊ စခန်းခွဲများ၏ အခြေအနေများသည် မျှော်မှန်းထားသကဲ့သို့ သိသာထင်ရှားသော တိုးတက်မှုမရှိပါကြောင်း၊ ရေယာဉ်များ နှင့် ရထားများကို ပြည်သူများအနေဖြင့် မဖြစ်မနေစီးနင်းရန် လိုအပ်မှသာ လိုက်ပါစီးနင်းနေကြသည်ကိုသိရှိရသကဲ့သို့ ရထားတွဲများတွင် လိုက်ပါစီးနင်းနေသော  ခရီးသည်များသည် သယ်ဆောင်နိုင်စွမ်း၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိသာရှိခြင်း၊ ရေကြောင်းလိုင်းများတွင် စက်ပိုင်းဆိုင်ရာလုံခြုံမှုမပေးနိုင်ခြင်းများ တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏  ပို့ဆောင်ရေးကဏ္ဍပြောင်းလဲတိုးတက်ရန်ဆောင်ရွက်နေမှု အခြေအနေများကို အများ ပြည်သူတွေသိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊

(၁) လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ ရထားပို့ဆောင်ရေးနှင့်ပတ်သက်ပြီး အနာဂါတ်တွင် သိသာ ထင်ရှားသော ပြောင်းလဲတိုးတက်မှုဖြစ်စေဖို့ရန် မည်သို့စီမံထားရှိသည်နှင့် ယခု ငါးနှစ်တာကာလအတွင်း အဆိုပါ ပို့ဆောင်ရေးလုပ်ငန်းများ သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုမရှိခြင်းအပေါ် မည်သို့ သုံးသပ် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။