(ဃ)-နိုင်ငံခြားမတည်ငွေရာခိုင်နှုန်းဖြင့်မှတ်ပုံတင်ခွင့် ရရှိသောနိုင်ငံသားသင်္ဘောလိုင်းမည်မျှရှိသည်ကိုမြန် မာ့ ဆိပ်ကမ်း အာဏာပိုင်များက မည်သို့ ကြီးကြပ် သည် နှင့် DICA၊ MIC ၏ Investment Permit မည်သို့ ကွဲပြားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-16

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအခန်း(၅) ပုဒ်မ ၁၇ တွင် ရင်းနှီးမြှုပ်နှံမှုကို အောက်ပါပုံစံတစ်ခုအဖြစ် ပြုလုပ်ဆောင်ရွက်နိုင်သည်။ဦးခင်မောင်ဝင်း(လမ်းမတော်) (က) ကော်မရှင်မှ ခွင့်ပြုသော လုပ်ငန်းများ၌ နိုင်ငံခြားသားက နိုင်ငံခြားမတည်ရင်းနှီးငွေ ရာခိုင်နှုန်းအပြည့်ဖြင့်ပြုလုပ်ခြင်း၊ (ခ)နိုင်ငံခြားသားနှင့် နိုင်ငံသားသို့မဟုတ် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတို့က ဖက်စပ်ပြုလုပ်ခြင်း၊ (ဂ) နှစ်ဖက်သဘောတူသော ပဋိညာဏ်စာချုပ်ပါ စာချုပ်တစ်ခုခု အဖြစ်ဆောင်ရွက်ခြင်းတို့ ဖော်ပြပါရှိပါကြောင်း၊ အဆိုပါဥပဒေအပိုဒ် ၁၉ တွင် ယာယီမှတ်ပုံတင်ခွင့် ကြိုတင် ထုတ်ပေးခြင်းကို ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့် ထုတ်ဝေခြင်းအဖြစ် မှတ်ပုံတင်မရှိစေရဟုလည်း ပါရှိပါကြောင်း၊ ယခုအခါ အချို့နိုင်ငံခြား သ‌င်္ဘောကုမ္ပဏီများမှာ ၁၀၀% ငွေရင်းရာနှုန်းပြည့်အဖြစ် DICA တွင် ကုမ္ပဏီဖွဲ့စည်း တည်ဆောက်ခွင့် ရရှိနေသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ DICA နှင်‌့ MIC မှ Investment Permit မကွဲမပြား ဖြစ်နေသည်ကိုလည်း သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အမိန့်ကြော်ငြာစာ ၁/၂၀၀၃ တွင် ပြည်နယ်ဦးစီးမှူး ဦးစီးများအတွက် ကိုယ်စားလှယ်လုပ်ငန်းကို နိုင်ငံတော်အစိုးရနှင်‌့သာ ဖက်စပ်ဆောင်ရွက်ရမည်ဟု ဆိုထားပါကြောင်း၊ အဆိုပါလုပ်ငန်းနှင်‌့စပ်လျဉ်းပြီး မြန်မာနိုင်ငံကုန်သွယ်များနှင်‌့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်နေကြောင်း အကြံပြုထားသည်။ ၎င်းအပေါ် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၄ ဖြင့် ရေယာဉ်များခရီးသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို သက်ဆိုင်ရာဝန်ကြီးဌာန သဘောတူညီချက်ဖြင့် နိုင်ငံသားညီ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်းလည်း သိရပါသည်။ နိုင်ငံသားကုမ္ပဏီများသည် ဒေါ်လာ ၅၀၀၀၀ ရှိလျှင် ကုမ္ပဏီဖွဲ့စည်းခွင့် ရသည့်အတွက် ရင်းနှီးမြှုပ်နှံခြင်းသည် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုမဟုတ်ကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ သ‌င်္ဘောလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီနှင့် နိုင်ငံသားကုမ္ပဏီတို့ ဖက်စပ်ပြုစေခြင်းသာ နိုင်ငံတော်အတွက်ပိုပြီး အကျိုးရှိမည်ဟု သုံးသပ်ကြလေ့ရှိပါသည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များမှ မည်သို့ကြီးကြပ်သည်နှင်‌့ DICA ၏ ကုမ္ပဏီဖွဲ့စည်း တည်ဆောက်ခွင့်နှင်‌့ MIC ၏  Investment Permit မည်သို့ ကွဲပြားသည်ကို သိရှိလိုကြောင်းမေမြန်းပါသည်။