(ဈ)-မင်းတုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်သောကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဦးစိုးနိုင် (မင်းတုန်း)မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပဉ္စမတန်းမှဒသမတန်း အထိကျောင်းသား ဦးရေမှာ ၁၅၂၅ ဦးရှိပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ ၇၀ ဦးနှုန်းဖြင့် သင်ကြားနေရပါကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးဖြင့် တွက်ချက်ပါက စာသင်ခန်းမှာ ၃၈ ခန်း လိုအပ်မှာဖြစ်ခြင်းကြောင့် စာသင်ခန်း ၁၆ ခန်းထပ်မံလိုအပ်ဖြစ်ပါကြောင်း၊ ထိုကြောင့် လိုအပ်သော ကျောင်းဆောင် သစ်ဆောက်လုပ်နိုင်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးနိုင်ပါရန် သတ်မှတ်ပုံစံများနှင့်အတူ အမှုတွဲအားလည်း မြို့နယ်ပညာရေးမှူးရုံးမှ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ တင်ပြတောင်းခံ ထားပြီးလည်းဖြစ်ပါကြောင်း၊ထိုကြောင့် မင်းတုန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင် သစ်ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် အထူးဦးစားပေးအစီအစဉ်ဖြင့် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါကလည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။