(က)-ပေါင်မြို့ ဘူတာအား အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-16
ပေါင်မြို့နယ်၏ တစ်ခုတည်းသောဘူတာဖြစ်သည့် ပေါင်မြို့မဘူတာ ယိုယွင်းပျက်စီးနေသည်ကို အသစ်ပြန်လည် တည်ဆောက်ပေးရန်နှင့် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ထားဝယ်၊ နေပြည်တော်-မော်လမြိုင်၊ အမြန် ရထားများ ဆိုက်ရောက်ရပ်နားသည့် ဘူတာလည်းဖြစ်ပါကြောင်း၊ ခရီးသွားလာမှုလည်း မိမိတို့အတွက် အားထားစရာဖြစ် ပါကြောင်း၊ မော်လမြိုင်တံတားကြီး တည်ဆောက်ပြီးသွားသည့်အချိန်တွင် မုတ္တမဘူတာကို ဖျက်သိမ်းပြီး မုတ္တမတွင် ရပ်စခန်းအဆင့်သာဖြစ်ပြီး မိမိတို့ခရီးသွားလာမှု ခက်ခဲခြင်းကြောင့် ၎င်းဘူတာကိုသာ အဓိကအားထားရပါကြောင်း၊ ယိုယွင်းပျက်စီးနေသည့် ဘူတာကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် တည်ဆောက်ပေးမည် ဆိုပါက အနီးဆုံး ဘတ်ဂျက်တွင် ထည့်သွင်းပေးနိုင်မှု ရှိ/မရှိ မဆောက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။