(က)-သံတွဲမြို့ငပလီမဇင်လေယာဉ်ကွင်းလေကြောင်း ရဲတပ်ဖွဲ့အား၂၀၁၆ခုနှစ်ပွင့်လင်းရာသီအမီဖွဲ့စည်းပေး ရန်နှင့်ပင်လယ်ပြင်ရေကြောင်းရဲတပ်ဖွဲ့ကိုအမြန်ဆုံးဖွဲ့ စည်းပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
သံတွဲမြို့ ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေကြသော ပြည်တွင်းပြည်ပခရီးများအနေဖြင့် လေကြောင်း ခရီးကို အဓိက အားထား
အသုံးပြုကြပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသည် နိုင်ငံခြား သားများအပါအဝင် ခရီးသည် ၅၀၀၀၀ ကျော်ရရှိ၍ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၅၀၀၀၀ ဦးနီးပါး ရရှိပါကြောင်း၊ ၂၀၁၅ သြင်္ကန်ကာလများတွင် ၁ ရက်လျှင် လေယာဉ် ၂၄ စီး အထိ ဆင်းသက်ပါကြောင်း၊
သံတွဲမြို့ မဇင်လေယာဉ်ကွင်းသည် ရွာကိုထက်ဝက်ခြမ်းထားသကဲ့သို့ဖြစ်နေသည့်အတွက် လေယာဉ်ကွင်း တစ်ဖက်တစ်ချက်ကျေးရွာများသည် လေယာဉ်ကွင်းကို ဖြတ်သန်း၍ သွားလာမှုများ ပြုလုပ်ကြပါကြောင်း၊ ထိုသို့ သွားလာနေမှုများသည် လေယာဉ်များ အဆင်းအတက်ပြုလုပ်ချိန်၌ အရမ်းအန္တရာယ်များပါကြောင်း၊ ထို့ကြောင့် လေယာဉ်ကွင်း လုံခြုံရေးအတွက် ခြံစည်းရိုး ကာပေးရန်လိုအပ်သကဲ့သို့ လေယာဉ်အဆင်း/ တက်ချိန်များတွင် လုံခြုံရေးချထားပေးရန်အတွက် မဇင်လေယာဉ်ကွင်းကို လေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်း ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းနှင့် ထို့ပြင် ဘင်္ဂလားပင်လယ်အော်မှ တရားမဝင် ဝင်ရောက် သွားလာ သော လှေစီးဒုက္ခသည်၊ လှေစီးခိုးဝင်သူများဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန် ကင်းလှည့်ရေ ာဉ်များ ပါရှိသော ရေကြောင်းရဲတပ်ဖွဲ့ကို ယခုနှစ်တွင် ဖွဲ့စည်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။