(ဂ)-ပြည်ထောင်စုအစိုးရနှင့်တိုင်းဒေသကြီး(သို့)ပြည် နယ်အစိုးရအဖွဲ့တို့ကြား၊ ဝန်ကြီးဌာန အချင်းချင်းတို့ ကြားညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်လိုအပ်သော ကိစ္စရပ်များအပေါ်မည်သို့ဆောင်ရွက်မှုများပြုလုပ်ပေး မည်နှင့် စပ်လျဉ်းသည့်မေးခွန်
နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း
အကောင်အထည်ဖော် ပေးနေသောကာလဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးရာတွင် အကောင်အထည်ဖော် ဆောင် ရွက်ပေးနိုင်မှသာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဆောင်ရွက်ပေးရာ ရောက်မည်ဖြစ်ပြီး ထိုကဲ့သို့ အကောင်အထည်ဖော်ပေးနေမှုများရှိသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ ပြည်သူများ အကျိုးတို့အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အချင်းချင်း တို့အကြား၊ ဝန်ကြီးဌာနအချင်းချင်းတို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမှုများ အားနည်းနေသည့် အချက်အချို့ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
ထိုကဲ့သို့ တွေ့ရှိချက်များထဲမှ တင်ပြရလျှင် ကျန်မာရေးဌာနခွဲသစ်များ ပေါ်ပေါက်ရေး၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများမှ အစိုးရမူလတန်းကျောင်းခွဲများ ဖြစ်ပေါ်ရေးတို့အတွက် အမှုတွဲတည်ဆောက်ရာတွင် ပါဝင်ရမည့် မြေစာရင်းပုံစံ(၁၀၅) လျှောက်ထားမှုခက်ခဲနေခြင်းတို့တွင် ပညာရေးဌာန၊ မြေစာရင်းဌာန၊ အုပ်ချုပ်ရေးဌာနတို့အချင်းချင်း အပြန်အလှန်လွှဲချနေမှုများ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ကိစ္စရပ်များမှာ မြေစာရင်းဌာနနှင့် တရားရုံးတွေကြား အပြန်အလှန်လွှဲချနေမှုများ၊ မြို့မြေ၊ ရွာမြေ၊ လမ်းမြေ အငြင်းပွားမှုများတွင် မြေစာရင်းဌာနနှင့် စည်ပင်သာယာရေးဌာန တရားရုံးတို့ကြား အပြန်အလှန်လွှဲချနေမှုများ အပါအဝင် လွှတ်တော်များက မေးခွန်းများတွင် ပြန်လည်ဖြေကြားရာ၌ အချို့သောဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့ကြား ညှိနှိုင်းပေါင်းစပ်မှုနှင့် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်မှု အားနည်း၍ ဖြေကြားမှု မပြည့်စုံခြင်းများရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ အားနည်းနေမှုများကို အမြန်ဆုံးသိရှိပြင်ဆင် ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် လက်တွေ့ဖော်ဆောင်ရာ ရောက်မည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ ပြည်သူများအကျိုးအတွက် အမှန်လိုအပ်နေသည့် ကိစ္စရပ်များပါ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့အကြား အချင်းချင်းညှိနှိုင်းပေါင်းစပ်ခြင်း၊ ဝန်ကြီးဌာန အချင်းချင်းတို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်နေသည့် ကိစ္စရပ်များအပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မှုများရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။