(ခ)-e-Government Master Plan ရေးဆွဲပြီးစီးမှု အခြေအနေနှင့် e-Government လုပ်ငန်းများမည် ကဲ့သို့အကောင်အထည်ဖော်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းများကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်ပါက သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပေါ်လာရေးအတွက် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များမှာလည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းတွင် ပိုမိုပီပြင်လာမည်ဖြစ်ပြီးမသမာမှုနှင့် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများကို လည်းလျော့နည်း သွားစေမည်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ ဌာနအသီးသီးက e-Government ဆိုင်ရာ ပစ္စည်းများ ဝယ်ယူတပ်ဆင်မှု၊ လေ့ကျင့်ပညာပေးမှု၊ လက်တွေ့အသုံးပြုမှု၊ ဝန်ဆောင်မှုပေးနိုင်မှုများကို လေ့လာရာတွင် ဌာနတစ်ခုနှင့် တစ်ခု ကွဲပြားခြားနားနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်သည့်ဌာနအားလုံး အရည်အချင်းတူညီစွာ တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် လုပ်ငန်းများ ထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ e-Government လုပ်ငန်းသည် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံချက်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ADB အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော e-Government Master Plan ရေးဆွဲပြီးစီးမှု အခြေအနေနှင့် ရေးဆွဲ၍ မပြီးစီးသေးပါက မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အချိန်အထိ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့အစည်းများက e-Government လုပ်ငန်းအတွက် ပစ္စည်းဝယ်ယူအသုံးပြုခဲ့သည့် ငွေကြေးမည်မျှရှိပြီး e-Government Master Plan အတိုင်း ပြည့်ဝစွာဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေး စုစုပေါင်း မည်မျှကုန်ကျမည်ဟု ခန့်မှန်းထားရှိသည်နှင့် လ ၂၀ အတွင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားတာဖြစ်သည့်အတွက် အဆိုပါလမ်းညွှန်ချက်အပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။