(ခ)-ဒီဂျစ်တယ်စနစ်သုံးရုပ်မြင်သံကြားထပ်ဆင့်လွှင့် ရုံမည်မျှရှိပြီးဒီဂျစ်တယ်တီဗွီအစီအစဉ်ဖမ်းယူကြည့် ရှုနိုင်ရန်အတွက်ကြားခံစက်များအခမဲ့ဖြန့်ဝေပြီးစီးမှု ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေါက်တာစိုးမိုးအောင် (ဘီးလင်း) ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း၏ လူမှုရေးကဏ္ဍနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၃၃ ခုရှိပါကြောင်း၊ Analogue စနစ်မှ Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့်မည့် နယ်မြေများရှိ အခြေခံလူတန်းစားများသို့ Digital TV အစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ကြားခံစက်များဝယ်ယူ၍ အခမဲ့ဖြန့်ဝေပေးခြင်းဖြင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြန်လည်ရေးဝန်ကြီးဌာနသည် ၎င်း၏ လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို သိရှိလိုပါသဖြင်‌့ Analogue စနစ်မှ Digital စနစ်သို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင်‌့ရုံးများအဖြစ် ပြောင်းလဲတပ်ဆင်နေသည့် စက်ရုံ မည်မျှရှိသည်နှင့် Digital စနစ်သို့ ပြောင်းလဲတပ်ဆင်ပြီးနောက် ၎င်းနယ်မြေများတွင်ရှိသော အခြေခံလူတန်းစာများကို Digital TV အစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ကြားခံစက်များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။