(က)-ကမ်းရိုးတန်းဒေသများ၌ကြုံတွေ့ရသောရာသီ ဥတုဆိုးရွားမှု၊ငလျင်ဒဏ်၊မီးဘေးဒဏ်များနှင့် ပတ် သက်၍ရသုံးမှန်းခြေငွေစာရင်းတွင်ရေရှည်လုပ်ငန်း စီမံကိန်းအနေဖြင့်သီးသန့်ရန်ပုံငွေချန်လှပ်ထားမှုကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် သီးသန့် ရန်ပုံငွေအကြောင်းကို အနည်းငယ်ပြောကြားချင်ပါကြောင်း၊ သီးသန့်ရန်ပုံငွေဆိုသည်မှာ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊ ဘဏ္ဍာရေးနှစ်အတွက် မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ခြင်း၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်းကျခံရန်အတွက် ရန်ပုံငွေမရှိ ခြင်း၊ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်းအလိုက် ကျိုးကြောင်း ဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည် ဆိုသည့် သီးသန့်ရန်ပုံငွေ၏ Definition ကို ဖော်ပြခြင်းဖြစ်ပါကြောင်း၊
ဒုတိယအချက်အနေဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထဝီ အနေအထားအရ ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်နေခြင်းကြောင့် နှစ်စဉ်ဖြစ်ပေါ်မည့် ဆိုက်ကလုန်းမုန်တိုင်းအရေအတွက် ၁၂ လုံးရှိသည်ကို အားလုံး သိကြပါကြောင်း၊ ပထဝီအနေအထားအရ ဟိမဝန္တာကစပြီး စစ်ကိုင်း ဖော့ကြီးပေါ်တွင် ငလျင်ကြောကြီး ပေါ်တွင်ရှိပြီး တတိယအချက်အနေဖြင့် ပူအိုက်ပါက အလွန်ပူလောင်ပြီး မိုးရွာပါကလည်း အလွန် ပြင်းထန်စွာ ရွာသွန်းခြင်းများကြောင့် ခြောက်သွေ့ရာသီများတွင် မီးဘေးများ၊ မိုးတွင်းဆိုပါက ရေကြီးသည့် ဒဏ်များကို ခံကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးကိစ္စများ ဖြစ်ပေါ်ပါက သုံးရန်အတွက် Research File ကို မည်သို့ ဆောင်ရွက်မည်ကို သိချင်ပါကြောင်း၊ ထိုကဲ့သို့ သဘာဝဘေးအန္တာရာယ်များအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး (Resultant Resettlement Management) အတွက် အချိန်မီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားမှုများ အရေးတကြီး လိုအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကမ်းရိုးတန်း ဒေသများ၌ ကြုံတွေ့ရသော ရာသီဥတုဆိုးရွားမှုနှင့် ငလျင်ဒဏ်၊ မီးဘေးဒဏ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အရအသုံးမှန်းခြေငွေစာရင်းတွင် ရေရှည်လုပ်ငန်းစီမံကိန်းအနေဖြင့် သီးသန့်ရန်ပုံငွေချန်လှပ်ထားမှုနှင့် ဒေသအသီးသီးနှင့် ဘေးဒဏ် အမျိုးမျိုးအတွက် မည်ကဲ့သို့တွက်ချက်ထားကြောင်းကို တိုင်းနှင့် ပြည်နယ် ၁၄ခုလုံးနှင့် စပ်လျဉ်းသိရှိလိုပါကြောင်း၊