(ခ)-နိုင်ငံအတွင်းစိုက်ပျိုးထားရှိသော ကြက်ဆူစိုက် ခင်းများ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ လောင်စာစီနှင့်ပတ်သက်ပြီး ပြည်သူများတန်ဖိုးနှုန်း ချိုသာစွာဖြင့် အလွယ်တကူရရှိနိုင်ရေး ပြည်ပထွက်ငွေလျော့ချ၍ အမျိုးသားအကျိုးစီးပွားမြှင့်တင်ရေး စသည့် ရည်ရွယ်ချက် များနှင့် Biodesel ထုတ်လုပ်ရန်အတွက် ကြက်ဆူစိုက်ပျိုးရေး စီမံချက်ကို အမျိုးသားရေးစီမံချက်၊ နိုင်ငံတော်စီမံကိန်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်း စီမံကိန်းကြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အချိန်၊ ငွေကြေး၊ မြေယာ၊ ခြံအဆောက်အအုံ၊ လုပ်အားများ များစွာရင်းနှီး အသုံးပြုခဲ့ရပါကြောင်း၊ ယခုအခါ ၎င်း စီမံကိန်းကြီး ဆောင်ရွက်ခဲ့သည်မှာ ၁၀ နှစ်မြောက် ရှိခဲ့ပြီဖြစ်ရာ စီမံကိန်းဆောင်ရွက်မှု၏ အကျိုးအဖြစ် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီပွား မည်မျှတိုးတက် ဖြစ်ထွန်းခဲ့ပါသနည်း။ မည်မျှတိုးတက်ဖြစ်ထွန်းလာပါ မည်နည်းဆိုသည့် အချက်များကို သိလိုပါကြောင်း၊ နိုင်ငံအတွင်း မည်သည့် အရပ်ဒေသတွင် (၁) ကြက်ဆူစိုက်ခင်းခြင်းများ မည်မျှအောင်မြင် ဖြစ်ထွန်းနေပါမည်နည်း။ (၂) ထွက်ရှိအသုံးပြုနိုင်သော ကုန်ကြမ်းများ မည်မျှစုဆောင်းသိုလှောင် ရရှိနေပါမည်နည်း။ (၃) ကုန်ချောဖြစ် Biodesel များကို ပြည်သူများ မည်မျှသုံးစွဲခွင့်ရရှိနေကြပါမည်နည်း စသည်တို့အား လောင်စာဆီဈေးသက်သာ၍ လိုအပ်နေကြသော ပြည်သူများကိုယ်စား မေးမြန်းပါသည်။