(က)- ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်မတော် တဆ ပေါက်ကွဲမှုမျိုးမဖြစ်ပွားစေရေးနှင့်ဖြစ်ပွားနိုင် သည့် အလားအလာကို ကြိုတင်သိရှိနိုင်ရေးအစီ အမံများ ရေးဆွဲသတ်မှတ်နိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံတိုင်ပေမြို့၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ကောင်စီ အဲမ်းမြို့တွင် မြေအောက် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးတော့ မှ လူ ၂၇ ဦး သေဆုံးပြီး ၂၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် အပျက်အစီအဆုံးအရှုံး များပြားစွာရှိကြောင်းကို ရေးသားထားသည့် သတင်းတစ်ပုဒ်ဖတ်ခဲ့ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ဖောက်လုပ်ပြီးစီးခဲ့သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ စတင်ကာ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်အထိ ဆက်သွယ်ထားသော ဓာတ်ငွေ့ပိုက်လိုင်း အတွက် စိုးရိမ်ပူပန်စိတ်များ ပြည်သူများအတွင်း မှာ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ယင်းဓာတ်ငွေ့ပိုက်လိုင်းကြီးသည် ကီလိုမီတာ ၁၅၀၀ ခန့်ရှည်လျားပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ အရှည်ရှိပြီး ဓာတ်ငွေ့ ပိုက်လိုင်းရာနှုန်းပြည့်သုံးမည်ဆိုပါက တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၅၀၀ ခန့် ပို့လွတ်နိုင် သည်ကိုလည်း သိရှိရပါကြောင်း၊
ထို့ကြောင့် မြန်မာ-တရုတ်ဆက်စပ် ဖောက်လုပ်ထားသော ဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း မြေအောက်ကို မည်သို့ိုမြှုပ်ထားသည်နှင့် ပိုက်လိုင်းအနားရှိ ကျေးရွာနှင့် မြို့များ၊ လမ်းများ လုံခြုံရေးစီမံများ မည်သို့ စီမံဆောင်ရွက် ထားသည်ကိုတို့ကိုလည်းကောင်း၊ ယင်းအစီအမံများသည်လည်း မည်သို့စိတ်ချရသည် ဆိုသည်ကိုလည်းကောင်း ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လာတာရှိပါ တယ်။ နိုင်ငံတော်စီမံကိန်းလုပ်ငန်းကြီးများသည် နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်သည့် နိုင်ငံတော်၏ အနာဂတ်လည်းဖြစ်သည့်အပြင် ရေရှည်တွင် နိုင်ငံတော်အကျိုးပြုသည့် ယင်းစီမံကိန်းများတွင် လုံလောက်သော လုံခြုံရေးအစီအမံများရှိရန် လိုအပ်မည်ဖြစ်ပါသောကြောင့် မြန်မာ-တရုတ် ဆက်သွယ် ဖောက်လုပ်ခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် မတော်တဆပေါက်ကွဲမှုမျိုး မဖြစ်ပွားစေရေး၊ ဖြစ်ပွားနိုင်သော အလားအလာကို ကြိုတင်သိရှိနိုင်ရေး သည့်အစီအမံများ ရေးဆွဲသတ်မှတ်ထားခြင်းရှိ/မရှိကို လည်းကောင်း။ အခြားအလားတူစီမံကိန်းများတွင်လည်း ပြည့်စုံသော လုပ်ငန်းအစီအမံများ ရေးဆွဲသတ်မှတ်ထားခြင်း အစီအစဉ်ရှိ/မရှိနှင့် အခြေအနေ မှန်များကို ပြည်သူသို့ပွင့်လင်းမြင်သာစွာ အချိန်မီအသိပေးရန် အတွက်သိရှိလိုပါကြောင်းမေးမြန်းပါသည်။