(ခ)-ကိုယ်တိုင် စိုက်ပျိုးမွေးမြူ၍ ရရှိလာသောသနပ် ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းများ အတွက် အခွန်အခများ ကောက်ခံခြင်းရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၅ အပိုဒ် ၁၂ (ခ) အရ ထင်းမီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများ စသည့်တို့အပေါ် ကောက်ခံသည့် အခွန်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့က ကောက်ခံခွင့်ရရှိကြပါကြောင်း၊ သို့သော် သနပ်ခါး၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများသည် သဘာဝ သစ်တောများမှ ထုတ်ယူနိုင်မှုအလွန် နည်းလျက်ရှိပြီး သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း၌ အကြီးအကျယ် စိုက်ပျိုးထုတ်လုပ် ရောင်းချနေကြသည်ကိုတွေ့ရှိရပါကြောင်း၊ သစ်မွှေးကိုလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကယားပြည်နယ် စသည်ဖြင့် အကြီးအကျယ် စိုက်ပျိုး နေကြသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်စိုက်ပျိုးမွေးမြူ၍ ရရှိလာသော သနပ်ခါး၊ သစ်မွှေး၊ ပျားထွက် ပစ္စည်းများသည် သစ်တောအခွန်ကောက်ခံခြင်းရှိ/မရှိနှင့် အခြားအခွန်အခများကောက်ခံခြင်း ရှိ/မရှိကိုသိရှိလိုပါကြောင်း၊ ထို့ပြင် ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း သနပ်ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းတွေကို နိုင်ငံတော်အတွက် အခွန်အခနှစ်စဉ်မည်မျှခန့်ရရှိနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။