(ဃ)-ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်မှ သဘာဝဓာတ်ငွေ့ရရှိပါက တာဘိုင်ဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး စမ်းသပ်ထုတ်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဦးအောင်ကြိုင် (ညောင်ဦး)မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်တွင် သဘာဝဓာတ်ငွေ့သိုက် ရှိကြောင်း၊ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတွင် ပါမောက္ခအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်း ဆောင်သွားခဲ့သော Mr.T.O MORRIS က မိမိနှင့်အတူ ကျောက်ခေတ်နှောင်းဒေသတွင် လိုက်လံရှာဖွေရင်း လွန်ခဲ့သောနှစ် ၄၀ က ပြောကြားသွားပါကြောင်း၊ သဘာဝဓာတ်ငွေ့ရရှိပါက တာဘိုင်ဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စမ်းသပ်ထုတ်လုပ်နိုင်ပါကြောင်း၊ အကယ်၍ သဘာဝဓာတ်ငွေ့ရရှိပါက မင်းဘူးကန်ကထုတ်လိုက်သော သဘာဝတာဘိုင်နှင့် မင်းဘူးတစ်မြို့လုံး၊ တောင်တွင်းကြီးတစ်မြို့လုံး၊ မကွေးတစ်မြို့လုံးကို လျှပ်စစ်မီးပေးဝေနေပါကြောင်း၊ မိမိတို့ ပုဂံညောင်ဦးဒေသ၏ မျက်နှာချင်းဆိုင်ဖြစ်သော ကျွန်းချောင်းကလည်း ဂက်(စ်)တာဘိုင်ဖြင့် မုံရွာ၊ ပခုက္ကူအထိ ပေးဝေနိုင်ပါကြောင်း၊ ယခုလည်း  ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်မှ သဘာဝဓာတ်ငွေ့ရရှိပါက အနီးနားရှိ ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများကို လျှပ်စစ်မီးပေးနိုင်ပါကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်မှ သဘာဝဓာတ်ငွေ့ရရှိပါက တာဘိုင်ဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး အတွက် စမ်းသပ်ထုတ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။