(ခ)-မော်တော်ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးရာ တွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ပေးသကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အစိုးရအနေဖြင့် မော်တော်ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ခြင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဇူလိုင်လ ၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ဆိုင်ကယ်လိုင်စင်မလုပ်ရသေးသည့် ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမား အများအပြားကျန်ရှိပါကြောင်း၊ ကျန်ရှိရသည့် အကြောင်းအရင်းမှာ မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ခရိုင်မြို့ကြီးများတွင်သာ ပြုလုပ်ရခြင်းဖြစ်သည့် အတွက်ကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မြို့များမှတစ်ဆင့် ခရိုင်မြို့များသို့ သွားရောက်ပြီး ဆိုင်ကယ်လိုင်စင်ပြုလုပ်ရပါကြောင်း၊ ယခုလိုပြုလုပ်သည့် နေရာတွင် ညအိပ်ညနေ ပြုလုပ်ရခြင်းများ၊ မလိုလားအပ်သည့် စရိတ်နှင့် အပိုကုန်ကျမမှုများရှိပါကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့်လည်း ဆိုင်ကယ်ကိုသာ အသုံးပြုပြီး သွားလာခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သည့်အခါ မိုးပွင်း (၁)မှ (၆)အထိ ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်များ မလုပ်ရသေးသည့် သူအများကြီးကျန်ရှိပါကြောင်း၊ ဆိုင်ကယ်လိုင်စင် မလုပ်ရသေးသည့် ပြည်သူလူထု အများကြီးရှိသည့်အတွက် မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ရာတွင် အဆင့်လိုက်စီမံချက်များချမှတ်ပြီး မြို့နယ်များအထိ သွားရောက်ပြုလုပ်ပေးရန် အစီအစဉ်ရှိရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း၊ အစီအစဉ်ရှိပါကမည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။