(ဂ)-ကာကွယ်ဆေးများ ဈေးနှုန်းကွာခြားနေမှုအပေါ် မည်ကဲ့သို့ထိန်းချုပ်မည်နှင်မွေးကင်းစ လူနာနှင့်မွေး ကင်းစကလေးများအားမည်သည့်ကာကွယ်ဆေးများ အခမဲ့ထိုးပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း
မိမိတို့ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော ဖြိုးစေတနာ အခမဲ့ဆေးခန်းများတွင် ကိုယ်ဝန် ဆောင် အမျိုးသမီးများ လာရောက အကူအညီတောင်းသည့်အခါ မိမိတို့အနေဖြင့် ဗဟိုအမျိုး သမီးဆေးရုံကြီးတွင် မွေးဖွားခွင့်များရရှိအောင် လစဉ်အလိုက်ထောက်ပံ့ကြေးများ၊ ဖြည့်စွက်အာဟာရမျာ်း ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားပြီးပါက တစ်လ၊ နှစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ်အတွင်း၊ တစ်နှစ်ကျော်အတွင်းမှာ ကာကွယ်ဆေးများ အခမဲ့ ထိုးခွင့်ရရှိခဲ့ကြပါကြောင်း၊ သို့သော် ငွေကြေးချမ်းသာသောမိသားစုများတွင် အမျိုးသမီးများ၊ ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးဖွားရာ၌ ကျပ် ၁၀ သိန်းခန့်ကုန်ကျသည့်အပြင် လအလိုက်ကာကွယ်ဆေးများထိုးရာတွင်လည်း ၃၀၀၀၀၊ ၉၀၀၀၀၊ ၁၂၀၀၀၀ အစရှိသဖြင့် မွေးကင်းစကလေးများကို ကာကွယ်ဆေး များထိုးနေကြပါကြောင်း၊ မိမိအနေဖြင့် အဆိုပါ ကိစ္စရပ်များကို လေ့လာရာတွင် ဆေးများတူပါသော်လည်း ကောက်ခံသောနှုန်း၊ ကာကွယ်ဆေးထိုးသည့် နှုန်း မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ သန္ဓေတားဆေး၊ ဘီပိုး၊ ပိုလီယိုဦးနှောက်အမှေးရောင် စသည့် ကာကွယ်ဆေးများ ထွက်ရှိလာပြီး ကလေးများအတွက ကာကွယ်ဆေးများ ထိုးရမည်ဆိုသည့် အနေအထား ထိုးပေးလျက်ရှိပါကြောင်း၊
ထိုကာကွယ်ဆေးများသည် အမှန်တကယ် နိုင်ငံတကာမှ အာနိသင်ရှိပြီး ကလေးများအတွက်၊ အမျိုးသမီးများအတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဆေးဝါးများအဖြစ် အသိအမှတ် ပြုပြီး မြန်မာနိုင်ငံအတွင်းမှ ကျွန်မတို့ ကျန်းမာရေးဦးစီးဌာနကနေ ခွင့်ပြုထားသောဆေးများ ဟုတ်သည်၊ မဟုတ်သည်နှင့် ဆေးများတူသော်လည်း ဈေးနှုန်းများ လွန်စွာဈေးနှုန်းမြင့်မားနေသည့်အပေါ် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ထိန်းချုပ်တားဆီးနိုင်မည်ကိုလည်းကောင်း၊ မွေးလူနာများနှင့် မွေးကင်းစ ကလေးများအား နိုင်ငံတော်၏ ဆေးရုံကြီးများတွင် မည်သည့်ကာကွယ်ဆေးများကို အခမဲ့ထိုးပေးနေသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။