(စ)-ဖလမ်းမြို့နယ်တွင် အိမ်မြေဂရန်များချပေးရာ၌ သက်တမ်း (၁၀) နှစ်သာ သတ်မှတ်ပေးရာမှ တိုးမြှင့်သတ်မှတ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-16
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အိမ်မြေဂရန်ချမှတ်သည့်အခါ ၁၀ နှစ် အတွက်သာ ချမှတ်ပေးခြင်းဖြစ်သည့်အတွက် မြေပိုင်ရှင်များသည် ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးနေရခြင်းကြောင့် မလိုလားအပ်သော ပြဿနာမျိုးစုံ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် သက်တမ်းတိုးခြင်းကို ၁၀ နှစ် တစ်ကြိမ်မဟုတ်ဘဲ ရှည်လျားသောကာလတစ်ခု နှစ် ၂၀ သို့မဟုတ် နှစ် ၃၀ စသဖြင့် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။