(က)-မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်းမြန်မာစာပေ လေ့လာရေးဌာနကို ကျောင်းသား၊ ကျောင်းသူ တို့၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-16
မုံရွာမြို့နယ် ဒေါနခြံရပ်ကွက်တွင် ရှိသော ရှေးဟောင်းမြန်မာစာပေရေးရာဌာနကို ၂၀၀၁ ခုနှစ်တွင် အခြေခံပညာမြေပေါ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါဌာနကို ဖွင့်လှစ်ခြင်း မရှိသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦ၏ ရှေ့ပိုင်း ပြင်ဆင်ကုန်ကျ စရိတ်သည် ကျပ်သန်းပေါင်း ၇၂ သန်းဖြစ်ပြီး ယင်းပြင်ချင်ကုန်ကျစရိတ်တွင် နောက်ပိုင်း အဆောက် အဦနှင့် အတွင်းက ပစ္စည်းများ ပါဝင်ခြင်းမရှိပါကြောင်း၊ မကြာခင်အချိန်တွင် ပြင်ဆင်စရိတ်ကို တောင်းရမည့်အခြေအနေလည်းရှိနေပါကြောင်း၊
ထို့ကြောင့် ရှေးဟောင်းမြန်မာစာပေရေးရာဌာနကို ပြည်သူတို့၏အကျိုး၊ ကျောင်းသူကျောင်းသား များ၏ အကျိုးငှာ အကျိုးရှိရှိ အသုံးပြုဖို့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။