(က)-မြန်မာနိုင်ငံတွင် အမှိုက်သိမ်းယာဉ် မည်မျှရှိ ၍ ရေးမြို့နယ်တွင်အမှိုက်သိမ်းယာဉ်များထပ်မံတိုး ချဲ့ထားရှိရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီသက်တမ်း လေးနှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံ၊ သန့်ရှင်းသောမြို့တော်များ ပေါ်ပေါက်ရန်အတွက် အမှိုက်သိမ်းယာဉ်များ အမြောက်အများ လိုအပ်လျက် ရှိနေသည်ကိုလည်း လေ့လာသိရှိရပါကြောင်း၊ မိမိတို့၏ မြို့တော်ဖြစ်သော လူဦးရေထူထပ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် အမှိုက်သိမ်းယာဉ် အမြောက်အများလိုအပ်နေတာကိုလည်း လေ့လာသိရှိရပါကြောင်း၊ တချို့ NGO အဖွဲ့များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် အမှိုက်သိမ်းနေရသည်ကိုလည်းကြားသိရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများသောနိုင်ငံဖြစ်သည့်အတွက်လည်း ၎င်းမြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်းသို့ အမှိုက်သရိုက်များ စည်းကမ်းမဲ့စွာ ပစ်နေသည်ကိုတွေ့မြင်နေသည့်အပြင် ၎င်း စွန့်ပစ်သူ များကိုလည်း အရေးယူဆောင်ရွက်ရန်ကိစ္စများ အားနည်းနေသည်ကိုသိရှိရပါကြောင်း၊ ရေးမြို့နယ်တွင်လည်း အမှိုက်သိမ်းယာဉ်စီးရေ အလုံအလောက်မရှိသည်ကိုလည်းတွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ (၁) မြန်မာ နိုင်ငံတွင် စုစုပေါင်းအမှိုက်သိမ်းယာဉ် အစီးရေမည်မျှ ရှိကြောင်း၊ (၂)့ လိုအပ်နေသောကျေးရွာများသို့ အမှိုက်သိမ်းယာဉ်အစီးရေတိုးချဲ့ထားမှု အစီအစဉ်ရှိ/မရှိနှင့် (၃) မြို့နယ်ခွဲ နှစ်ခုဖြင့်ဖွဲ့စည်းထားသော ရေးမြို့နယ်တွင် လိုအပ်နေသော အမှိုက်သိမ်းယာဉ်များ ထပ်မံ တိုးချဲ့ထားမှု အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။