(ခ)-ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်း အဝေးတွင်ဆွေးနွေးထောက်ပြခဲ့သောဆွေးနွေး ချက်များသည် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့် ဝန်ကြီးဌာန အသီးသီး၏ ဘတ်ဂျက် သုံးစွဲမှု အပေါ် ဈေးနှုန်းများ ပြန်လည် ညှိနှိုင်းခြင်း ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့ ၁၀-၂-၂၀၁၄ ရက်နေ့တွင် ၂၀၁၄-၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနောက်ဆက်တွဲစာအုပ်ပါ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန BE ဘတ်ဂျက်အပေါ် ဝေဖန်ထောက်ပြဆွေးနွေးခဲ့ရာတွင် ကယား ပြည်နယ် အနေဖြင့်ဆိုပါက ကျေးလက် အိမ်ရာများလည်း အထူးတလည်မလိုအပ်ပါကြောင်း၊ နယ်မြို့တွေကို ပေးသည်ထက်စာလျှင် ရန်ကုန်၊ မန္တလေးမြို့ကြီးများ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ အိမ်မဲ့ယာမဲ့တွေ ကျူးကျော်တွေ မြောက်များစွာရနေသည့်အတွက် ၎င်းတို့ကို ဦးစားပေးသင့်ပါကြောင်း ဆွေးနွေးခဲ့ပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်တွင် ဝန်ကြီးနယ်လှည့်ခရီးစဉ် များအတွက် ကားတွေ ဘတ်ဂျက်ပေါ် တင်တောင်းရာတွင်လည်း Myanmar Grand Tiger Double Cab တစ်စီးကို ကျပ်သိန်း ၅၇၀ တင်တောင်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် ယင်းကား တစ်စီးကို ကျပ်သိန်း ၃၈၀ သာတောင်းခံထားပါသည် စသဖြင့်ဆွေးနွေး ခဲ့ပါကြောင်း၊ ထို့အတူ ကျန်းမာရေး ဝန်ကြီးဌာနတွင် ကားကုမ္ပဏီ၊ အမျိုးအစားများတူသော်လည်း မော်ဒန်မြင့်ကားက ဈေးနည်းနေပြီးမော်ဒန် နိမ့်ကားက ဈေးများနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဝေဖန်ထောက်ပြခဲ့သော ဆွေးနွေးချက် များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အပေါ် တတ်ရောက်မှု ရှိ/မရှိနှင့် ပစ္စည်းဝယ်ယူရာတွင် ဘတ်ဂျက်သုံးစွဲမှုအပေါ် ဈေးနှုန်းများ ပြန်လည်ညှိနှိုင်းခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။