(ဂ)-လွှတ်တော်ကခွင့်ပြုပေးခဲ့သည့်ဘတ်ဂျက်ငွေများ အားအပြည့်အဝသုံးစွဲခြင်းမရှိသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍သက်ဆိုင်ရာအဖွဲ့အစည်းများအားထိန်း သိမ်းမည့်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ မြို့ကြီး (အ.ထ.က) နှင့် မြိုင် (အ.ထ.က) ကျောင်း များတွင်၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း တိုးချဲ့ ကျောင်းဆောင်များ ဆောက်လုပ်ရန်အတွက် အခြေခံပညာဦးစီးဌာနမှ တိုက်ရိုက်ချပေးလိုက်သည်ဟုဆိုပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် ကုမ္ပဏီတစ်ခုမှ တာဝန်ယူ လာရောက်ဆောက်လုပ်ပေးခဲ့ရာ သစ်အမျိုးအစား မှန်ကန်မှုမရှိခြင်း၊ အောက်ခြေအုတ်မြစ် (ဖောင်ဒေးရှင်း)များကို ပြီးစလွယ်ပြုလုပ်ထားခြင်း၊ အဆောက် အဦမှာလည်း စနစ်တကျမရှိခြင်း၊ အမိုးမိုးရာတွင်လည်း နည်းလမ်းမကျ၍ မိုးယိုခြင်းများဖြစ်နေကြောင်း မဲဆန္ဒရှင်များ၏ တင်ပြပြောဆို ချက်အရ သွားရောက်ကြည့်ရှုခဲ့ရာ မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း၊ တာဝန်ရှိသည့်မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်အဆင့်တာဝန်ရှိသူများကို ပြောဆိုသည့်အခါမှသာ ကုမ္ပဏီမှ လာရောက်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ ကျေးလက်ဒေဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းများ၊ တံတားများ၊ စိမ့်စမ်းရေအတွက်လုပ်ငန်းများ အပါအဝင် လုပ်ငန်းတိုင်းနီးပါးတွင် ချို့ယွင်းမှုများ၊ အားနည်းမှုများ၊ စနစ်မကျမှုများ ရှိနေသည့်အတွက် ပြည်သူပြည်သားများအဖို့ ပေးကားပေး၏ ကောင်းကောင်းမရဖြစ် နေပါကြောင်း၊ သို့ဖြစ်၍ နောက်နောင်တွင် လွှတ်တော်မှ ခွင့်ပြုလိုက်သော ဘတ်ဂျက်ငွေများအား စည်းကမ်းရှိရှိ စနစ်တကျ သုံးစွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်ကြစေရေတွက် မည်သို့မည်ပုံကြီးကြပ် ဆောင်ရွက်စေ မည်၊ ဆောင်ရွက် သွားမည်ဆိုသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။