(ဈ)-ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာမှ ရွှေဘို၊ မြစ်ကြီးနားလမ်းမကြီးသို့ ဆက်သွယ်ထားသောလမ်းအား ကျောက်ချောလမ်း အဆင်သို့ မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-16
ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာသည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် လမ်းများဖောက်၊ တံတားများ ဆောက်လုပ်ပေးခဲ့သည့်အတွက် ဝန်းသိုမြို့၊ အင်းတော်မြို့၊ ဗန်းမောက်မြို့ (၃) မြို့တို့ ဆက်သွယ်သွားလာမှု၏ အချက်အခြာဒေသတစ်ခု ဖြစ်လာခဲ့ပြီးနောက် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနား လမ်းမကြီး၏ မိုင်တိုင် အမှတ်(၁၀၃)ခုကို ဆက်သွယ်ထားသောလမ်းသည် ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတို့ ဆက်သွယ်ထားသောလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။