(ဂ)-တန့်ယန်းမြို့ ပြည်သူ့အားကစားကွင်းအား ဘက်စုံပြန်လည်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

၁၉၈၄ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် တန့်ယန်းမြို့နယ်၏ တစ်ခုတည်းသော အားကစားကွင်း သည် အုတ်ခြံစည်းရိုးများ မြင်မကောင်းအောင်ပျက်စီးနေပြီး ပွဲကြည်‌့စင်မှာလည်း ဆွေးမြည်‌့ပျက်စီးနေ သဖြင့် အန္တရာယ်ရှိသည်အခြေအနေဖြစ်ပါကြောင်း၊ ဘောလုံးကွင်းမြက်ခင်းပြင်မှာလည်း ကစား၍ မရအောင် ပျက်စီးနေပါကြောင်း၊ ၎င်းအားကစားကွင်းကို လူငယ်များနေ့စဉ်အသုံးပြုလျက်ရှိပြီး လွတ်လပ်ရေး နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများအတွက်လည်း အားထား အသုံးပြုရသည့် ကွင်းဖြစ်သည့်အတွက် ရှမ်းပြည်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ ၏ ပြည်သူ့အားကစားကွင်း အား ဘက်စုံအဆင်‌့မြှင့်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ်မရှိသေးပါက မည်သည်‌့ဘဏ္ဍာနှစ်တွင် ပြုပြင်တည်ဆောက်ရန် စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။