(ဂ)-ပေါက်မြို့နယ် အတွင်းရှိအမှန်တကယ်လိုအပ် ၍ကျောင်းဆောင်သစ်များအဖြစ်ဆောက်လုပ်ဆောင် ရွက်ပေးရန် လိုအပ်သည့် ကျောင်း(၅)ကျောင်းအား ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းဆောင် ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

နိုင်ငံတော်၏ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ကဦးခင်မောင်ညို (ပေါက်) လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို သိရှိပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအချို့တွင် ယိုယွင်းပျက် စီးနေပြီး ကျောင်းသားဦးရေနှင့် ဆရာဆရာမများ မျှတမှု မရှိ၍ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ်အတွင်း ရှိ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန်လိုအပ်နေသည့် အ.ထ.က(ခွဲ) အ.ထ.က (၁၃)ကျောင်း၊ ၁၂၀ ထ ၃၀ ပေ၊  အ.လ.က သရက်တောကျောင်း ၁၂၀ ထ ၃၀ ပေ၊ မူလွန်ဇီးတောတောင်ကျောင်း  ၉၀ ထ ၃၀ ပေ၊ အ.မ.က သဲတော် ရွာမြောင်းစုကျောင်း ၉၀ ထ ၃၀ ပေ၊ အ.မ.က စပါးမျှောကျောင်း ၆၀ ထ ၃၀ ပေတို့ဖြစ်ပြီး အဆိုပါ ကျောင်းများအား ကျောင်းဆောင်အသစ်များ ဆောက်လုပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အတူ ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသည်ကို လည်း လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါဖော်ပြခဲ့သော ပေါက်မြို့နယ်အတွင်းရှိ အမှန်တကယ်လိုအပ်၍ ကျောင်းဆောင် အသစ်များဖြင့် ဆောက်လုပ်ဆောင်ရွက်ပေးရန် လိုအပ်နေ သည့် ကျောင်း(၅)ကျောင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလို ပါကြောင်း မေးမြန်းပါသည်။