(င)-တမူးခရိုင်ရှိ ရေကြီးမှုကြောင့်ပျက်စီးသွားသော စာရေးခုံများအနက် အလှော်မူလွန်အတွက်(၁၀)စုံ၊ ပွတ်သာအလကခွဲအတွက်(၂၀)စုံ၊ခမိတ်အလကခွဲ အတွက်(၂၀)စုံ၊မင်းသမီးအလကခွဲအတွက်(၃၀)စုံ တို့ကိုမည်သို့ စီမံဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-16
တမူးခရိုင်အတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ရေနစ်မြှုပ်သည့် စာရင်း အလှော်၊ ပွတ်သာ၊ ခမိတ်၊
မင်းသမီး စာသင်ကျောင်းများတွင် စာရေးခုံများ ပျက်စီးသွားပါကြောင်း၊ အဆိုပါကျောင်းများတွင် လိုအပ်နေသည့်စာရေးခုံများကို နိုင်ငံတော်က မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ တမူးမြို့ရှိ ၁၂/ခ ရပ်ကွက်မှ ကျောင်းသား ကျောင်းသူများသည် အ.မ.က(၁၀)တွင် တက်ရောက်လျက်ရှိပါကြောင်း၊ ယခုရေကြီးမှုကြောင့် တံတားပျက်စီးသွားသဖြင့် ကျောင်းတတ်ရန် အခက်အခဲများစွာရှိပြီး ယခုအခါ တွဲဖက် (အ.မ.က) ဖွင့်လှစ်၍ ပညာရေးဌာနမှ အလှည့်ကျသင်ကြား ပေးနေသဖြင့် အဆင်ပြေနေမှုကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါတွဲဖက်(အ.မ.က) အား အ.မ.က(ခွဲ) အဆင့်တိုးမြှင့်ပေးနိုင်ရန် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။