(စ)-တောင်ပေါ်ဒေသရှိဆင်းရဲနွမ်းပါးသောတောင်သူ များအတွက်တစ်မြို့နယ်လျှင် လှေကားထစ်လယ်မြေ (၅၀) ဧကကို ဦးစားပေး ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
ကချင်ပြည်နယ်အတွင်းရှိ ဆော့လော်နှင့်ချီဖွေဒေသသည် ယခင် အစိုးရလက်ထက် တွင်လည်း လှေကားထစ် ဖော်ထုတ်မှု စီမံကိန်းတွင် အားနည်းခဲ့သော ဒေသတစ်ခုဖြစ် ပါကြောင်း၊ ဒေသခံများသည် ဝမ်းစာဖူလုံရေးအတွက် မြေပြန့် လွင်ပြင်မရှိ ၍ နှစ် စဉ် ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးသော မိရိုးဖလာ ဓလေ့ ကို လှေကား ထစ် စိုက်ပျိုးရေးစနစ်ဖြင့် အားပေးဖော်ဆောင်သွားရန် အဓိကလိုအပ်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် သဘာဝသစ်တောပြုန်းတီးမှုကို ကာကွယ်မြှင့် တင်ပေးနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုဖောက်ပြန်မှုကို လည်း အကာ အကွယ်ပြုသွားနိုင် မည်ဖြစ်သောကြောင့် မြေပြန့်လွင်ပြင် မရှိ၍ တောင်ပေါ်ဒေသ တွင် လှေကားထစ်စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဆင်းရဲနွမ်း ပါးနေသော တောင်သူများအား အသက်မွေး ဝမ်းကျောင်းပြုနိုင်ရန်အတွက် တစ်မြို့နယ် လျှင် အနည်းဆုံးလှေကားထစ် လယ်ယာမြေ ဧက(၅၀)ကို နိုင်ငံတော် အစိုးရမှ ဦးစားပေး ဖော်ထုတ်ပေးသွားနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။