(က)-အခြားနိုင်ငံများ၌ သုံးစွဲပြီး စက်စွမ်းရည် ကျ ဆင်းနေသောကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားပေးစက်များကိုတင်သွင်းလာမှု မရှိစေရေး အတွက် ညွှန်ကြားချက်နှင့် ထိန်းသိမ်းကြပ်မတ်မှု များ ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်တောရွာနေပြည်သူများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း၏ အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေလုံလောက် ရရှိရေးပင် ဖြစ်သောကြောင့် ကျေးလက်တောရွာနေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ အဓိကလုပ်ငန်းသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးအောင် စိုက်ပျိုးရေရရှိရေးကို အထူး ဦးစားပေးလုပ်ငန်းအဖြစ် နိုင်ငံတော်မှဆောင်ရွက်ပေးရန် အဓိကလိုအပ်လျက်ရှိပါကြောင်း။ ရေလုံလောက် ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းနှင့် စီးပွားရေးများ ကောင်းမွန်ပြီး ဆင်းရဲနွမ်းပါးမှုကို အလျင်အမြန် လျော့ကျစေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံအဝှမ်း သင့်တော်ပြီး လိုအပ်သော ကျေးရွာတိုင်း၌ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ ရေတွင်းများတူဖော်ပေးခြင်းနှင့် လျှပ်စစ်ဖြင့်ရေတင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား ကြွယ်ဝကြီးပွားချမ်းသာစေလိုသောဆန္ဒများနှင့် နိုင်ငံတော်မှ စိုက်ပျိုးရေရရှိရေးအား သင့်တော်သောကျေးရွာတိုင်း၌ စီမံကိန်းတစ်ရပ်ချမှတ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။