(ဃ)-ညောင်ဦးမြို့နယ်၊အင်တိုင်းကျေးရွာအနီးရှိရေ ကန်တာပေါင်ရိုးမှာမကြာခဏကျိုးပေါက်၍သက်ဆိုင် ရာဝန်ကြီးဌာနမှအရှည်တည်တံ့ခိုင်ခံ့အောင်ဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-17
ပုဂံညောင်ဦးဒေသရှိ ပုပ္ပါးတောင်မကြီးမှ ဆင်းလာသည့် ချောင်းများ မြောက်များစွာရှိပါကြောင်း၊ ၎င်း ချောင်းများနှင့် Warter Ship ဧရိယာများ
များပြားသည့်အတွက် ရေအားကောင်းသည်ကို တွေ့ရှိရပါကြောင်၊ ထိုအခါ သူတို့လုပ်ထားသည့် ရှေးဟောင်းကန်ကြီးများ ကျိုးပေါက်သွားသည်ကို ရွာသားများ တတ်သရွေ့မှတ်သရွေ့ ပြုပြင်ထားကြပါကြောင်း၊ ဝါးလုံးထိုးလာသည့် ရေကြောင့် ပေါက်သွားပြီး အိမ်များ၊ ပစ္စည်းများဆုံးရှုံးမှု မကြာခဏတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန နည်းပညာကောင်းနှင့် ရေရှည်ခိုင်ခံ့အောင် ပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။