(ခ)-ပေါက်မြို့နယ် အတွင်းရှိ အပြီးသတ်ဆောက် လုပ်ပေးရန် လိုအပ် နေသော စာသင်ကျောင်း (၁၅) ကျောင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ရန် ပုံငွေတွင် ထည့်သွင်း ချထားပေးရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-17

ဦးခင်မောင်ညို (ပေါက်)မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် အခင်းအကာနှင့် မျက်နှာကျက်များအပါအဝင် အပြီးသတ် ဆောက်လုပ်ဆောင်ရွက်ပေးရန် လိုအပ်နေသော ကျောင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အပြီးသတ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသော ကျောင်းများမှာ ပေါက်မြို့နယ်အတွင်းရှိ လဲပင်အင်းကျေးရွာနှင့် ဝါးမှီးကျေးရွာရှိ မူလတန်း ကျောင်းများ (၆၀ x ၃၀ ပေ)၊ ရန်ဝေးကျေးရွာနှင့် တပွတ်စုကျေးရွာတို့ရှိ မူလတန်းကျောင်းများ (၁၂၀ x ၃၀ ပေ)၊ နတ်စင်ကုန်းကျေးရွာရှိ အ.ထ.က စသိမ်းကျောင်း (၁၂၀ x ၃၀ ပေ)၊  သယ်ပင်ခံကျေးရွာ၊ စဖဲကျေးရွာနှင့် ညောင်းဝန်းပေါက် ကျေးရွာတို့ရှိ မူလတန်းကျောင်းများနှင့် ခင်ရှည်ကျေးရွာ၊ ပင်ထောင်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာတို့ရှိ အ.လ.က (ခွဲ) ကျောင်းများ(၉၀ x ၃၀ ပေ)၊ မုံကုန်းကျေးရွာနှင့် လယ်ယာကျေးရွာရှိ မူလတန်းကျောင်းများ (၆၀ x ၃၀ ပေ)၊  တပ်ကုန်းကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်း (၇၀ x ၃၀ ပေ)၊ ဓာတ်တော်ကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်း (၁၈၀ x ၃၀ ပေ) ကျောင်းများအတွက် ပြုပြင်ထိန်းသိမ်း စရိတ်ရန်ပုံငွေများ ရရှိရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြုပြင်မွမ်းမံအပြီးသတ်တည်ဆောက်ရန် လိုအပ်နေသည့် အထက်ပါ စာသင်ကျောင်း ၁၅ ကျောင်းတို့အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျောင်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေတွင် ထည့်သွင်းချထားပေးရန် အစီ အစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်နှစ်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။