(ဂ)-ဘီးလင်းမြို့နယ်အတွင်းရှိစိုက်ပျိုးမြေများအားရေ ငန်ဝင်ရောက်မှုမှကာကွယ်နိုင်ရန်ကမ်းပါတ်တမံများ အမြန်ဆုံးတည်ဆောက်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-17
ဘီးလင်းမြစ်ကမ်းပါးဘေးတွင် တည်ရှိနေသော မုသင်ကျေးရွာ၊ လိပ်ခုံကျေးရွာ၊ ညောင်ပလင် ကျေးရွာတို့တွင် လယ်စိုက်ပျိုးမြေဧက တစ်သောင်းကျော်ခန့် ရှိပါကြောင်း၊ ယခုအခါ ဘီးလင်းမြစ်ကြောင်းတိမ်ကောလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် အဆိုပါ ကျေးရွာများရှိ လယ်ယာစိုက်ပျိုးမြေများတွင် ရေငန်ဝင်ရောက်မှု များပြားပြီး လယ်ယာမြေ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည့်အတွက် ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ကမ်းပါတ်တမံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။