(ဂ)-ထောက်ကြန့်မြို့ အဝင်မြနန္ဒာ ပန်းခြံအား အ ဆင့်မြင့်ဆောင်ရွက်ပေး ရန်နှင့် အရှေ့မျက်နှာစာ အားပြည်သူများနေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းပြု လုပ်နိုင်ရန်အတွက် ကွန်ကရစ်ခင်း လေ့ကျင့်ရေး ကွင်း ပြုလုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့အဝင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် အမှတ် ၁/၀ တွင် ၄ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ) ဧကအကျယ်ရှိသော မြနန္ဒာပန်းခြံတစ်ခုရှိ၍ မျက်နှာစာ (၆၀၀x၁၀၀)ပေ ကျယ်ဝန်းသော မြေကွက်လပ်ရှိပါကြောင်း၊ ပြည်သူများသည် ကျန်းမာရေးအတွက် လေ့ကျင်‌့ခန်းများကို ဆောင်ရွက်ရာတွင် အမှတ်(၁) လမ်မကြီးဘေးတွင် ပြုလုပ်နေရသည့် အတွက် ယာဉ်အန္တရာယ်များ စိုးရိမ်ရပါကြောင်း၊ ပြည်သူများ စိတ်ချမ်းသာအောင် လေ့ကျင့်ခန်းများ လုပ်နိုင်ရေးအတွက် မြနန္ဒာပန်းခြံအား အဆင့်မြှင်‌့ဆောင်ရွက် ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် ထိုမြနန္ဒာပန်းခြံ၏ အရှေ့ဘက် အရှေ့မျက်နှာစာ ပေ(၆၀၀x၁၀၀) ကို ပြည်သူများ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ကွန်ကရစ်ခင်းပြီး ကျန်းမာရေး လေ့ကျင့်ကွင်းတစ်ခု ပြလုပ်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။