(ခ)-Automobile Policy ကိုနိုင်ငံတကာကဲ့သို့ဆွဲ ပြီးနိုင်ငံတကာမှမော်တော်ယာဉ်ထုတ်လုပ်ရေးများ ကိုဖိတ်ခေါ်၍ရင်းနှီးမြှုပ်နှံပါလျှင် ဈေးနှုန်းချိုသာစွာ ကားသစ်များ စီးလာနိုင်မည်ဖြစ်၍ စီစဉ်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ကားကောင်း၊ ကားသန့်များကို ဈေးနှုန်းချိုသာစွာဖြင့် စီးနိုင်ခွင့်ရ ရှိရန်အတွက် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံတကာမှ အဆင့်ဆင့်ကားကုမ္ပဏီများကို ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းတွင် ထုတ်လုပ်ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် Usedကားများကို နိုင်ငံခြားမှ တင်သွင်းအသုံးပြုနေရခြင်း ဖြစ်သည့်အတွက် နောက်ပိုင်းတွင် လုံခြုံ၍ အန္တရာယ်ကင်းသော ကားသစ်များကို အသုံးပြုလို ပါကြောင်း၊ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် CKT ၊ SKT သတ်မှတ်ချက်များနှင့်ပတ်သက်၍ Auto Policy ကို နိုင်ငံတကာကဲ့သို့ လျှော့ဖြေရေးဆွဲပြီး နိုင်ငံတကာမှ မော်တော်ယာဉ်ထုတ်လုပ်ရေးများကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံမည်ဆိုပါက (၁) ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ ဈေးနှုန်းချိုသာစွာ ကားသစ်များ စီးလာနိုင်ခြင်း၊ (၂) ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ တိုးတက်ရရှိကာ နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိနိုင်ခြင်း၊ (၃) မြန်မာနိုင်ငံသည် ပင်လယ်ထွက်ပေါက်ရှိသည့် နိုင်ငံဖြစ် သည့်အတွက် ပို့ကုန်တစ်မျိုးတိုးလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာမှ မော်တော်ယာဉ် ထုတ်လုပ်ရေးများကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ဆောင်ရွက်ပေးခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။