(က)-လွိုင်ကော်မြို့တွင် တိုးချဲ့တည်ဆောက်လျက် ရှိသော လေယာဉ်ကွင်းပြေးလမ်း တည်ဆောက် မှုနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် ယခင်ကတည်းက လေယာဉ်ကွင်းများ၊ အ‌ဆောက်အဦများဦးခင်မောင်ညို (လွိုင်ကော်) တည်ရှိပြီးလည်းဖြစ်ပါကြောင်း၊ လေယာဉ်များလည်း အမြဲလိုလို ယနေ့တိုင် ပြေးဆွဲလျက်ရှိခဲ့ပါသည်။ ယခုတိုးချဲ့လေယာဉ် ပြေးလမ်းထပ်မံ တည်ဆောက်လျက်ရှိရာတွင် တိုးချဲ့မည့်လေယာဉ်ကွင်းသည် မည်သည့်ရပ်ကွက်၊ မည်သည့်ကျေးရွာမျှ ထိခိုက်နစ်နာမှုမရှိဘဲ နဂိုမူကတည်းကပင် ကြိုတင်သတ်မှတ် ယူထားသည့်အတွက် ဖြစ်ပါကြောင်း၊ ယခုတိုးချဲ့မည့်အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာများမှ လူနေအဆောက်အဦများ၊ သာသနာရေးအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ ပါမည်ဟု မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်ပြည်သူများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည့်အတွက် ရပ်ကွက်တွင်နေထိုင်ကြသည့် မိဘပြည်သူများအားလုံး စိတ်ဆင်းရဲ၊ စိတ်ပူပန်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေယာဉ်ပြေးလမ်း ထပ်မံတိုးချဲ့ဦးမည် ဆိုပါက မလွတ်သောရပ်ကွက်၊ ကျေးရွာများမှ မိဘပြည်သူများကို မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်နှင့်  ဆုံးရှုံးနစ်နာသော မြေ၊ အိမ်ရာ၊ သာသနာ၊ အဆောက်အဦများကို မည်ကဲ့သို့ ကုစားပေးမည်ကိုလည်းကောင်း၊ ယခု ထပ်မံတိုးချဲ့မည့် လေယာဉ်ပြေးလမ်းအား ဆက်လက်ဆောင်ရွက်သွားမည်၊ သို့မဟုတ် တိုးချဲ့သင်‌့ သလောက် အထိအခိုက်မရှိ ဆက်လက်ထားရှိမည် စသည့်အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။