(ဂ)-သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏလုပ်အားပေးအိမ် ရာနေပြည်သူများအားအိမ်ငှားရမ်းခများတိုးမြှင့်သတ် မှတ်လာခြင်းနှင့် မူလလုပ်အားပေးခဲ့သူများထံ ဝယ် ယူနေထိုင် ငှားရမ်းခ ပေးသွင်းသူများကို တရားဝင် အမည်ပြောင်းလဲပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လွန်ခဲ့သော နှစ် ၅၀ ကပင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်ခဲ့ သည့် သုဝဏ္ဏလုပ်အားပေးအိမ်ရာ အိမ်ငှားရမ်းခများကို သက်ဆိုင်ရာက လွန်ခဲ့သောနှစ်က တိုးမြှင့် သတ်မှတ်လာသည့်အတွက် အိမ်ရာနေပြည်သူများ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)မြောက်ပုံမှန် အစည်းအဝေးတွင် မေးခွန်းတစ်ရပ်မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အိမ်လခပြင်ဆင်သတ်မှတ်ခြင်းအတွက် သုဝဏ္ဏ လုပ်အားပေးအိမ်ငှားဦးစီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနတို့မှ ပူးပေါင်းညှိနှိုင်းပြီး အိမ်လခ သတ်မှတ်ပေးသွား မည်ဖြစ် ပါကြောင်း ဖြေကြားခဲ့သော်လည်း ယနေ့အချိန်ထိ ပေါ်ပေါက်လာခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် (က) အိမ်လခပြန်လည်သတ်မှတ် ညှိနှိုင်းရေးလုပ်ငန်းအား အကောင်အထည် ဖော်ရန် မည်သည့်အတွက် ကြန့်ကြာနေသည်။ (ခ) အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ခြင်း ရှိ/မရှိ။ (ဂ) အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသေးပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်။ (ဃ) မူလ လုပ်အားပေးခဲ့သူ မိသားစုများမှ အိမ်ငှားခပုံမှန်ပေးသွင်းခဲ့သူများကိုလည်းကောင်း၊ မူလလုပ်အားပေး ခဲ့သူများထံ ဝယ်ယူနေထိုင်ငှားရမ်းခ ပေးသွင်းသူများကို လည်းကောင်း တရားဝင် အမည်ပြောင်းလဲ ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။