(ခ)-ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့ရှိ ရန် ကုန်-မန္တလေးအမှတ်(၁)လမ်းမနှင့် ရန်ကုန်-ပြည် လမ်းမြို့ရှောင်လမ်းပေါ်တွင်ကားပတ်(ခ်)ပြုလုပ်ပေး ရန်၊လမ်းပြုပြင်ပေးရန်နှင့်စပ်လျဉ်းသည့်မေး ခွန်း

2020-12-17

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၏ ၁ မိုင်အကွာခန့်တွင်ရှိသည့် မြို့ရှောင်လမ်းသည် ရန်ကုန် - ပြည်လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းကိုဦးတင်မောင်ဝင်း (မင်္ဂလာဒုံ ) ဆက်ထားသည့် လမ်းဖြစ်ပြီး  မန္တလေးမှ ပြည်ကိုသွားလာရာတွင်  အသုံးပြုပါကြောင်း၊ ၎င်းလမ်းမအပေါ်တွင် သံလွင်ပင်ကျေးရွာအုပ်စုနှင့် ကွက်ကြီးကျေးရွာ အုပ်စုဟူ၍ ကျေးရွာ အုပ်စု ၂ အုပ်စု ရှိပါကြောင်း၊မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှ ရေများသည် အဆိုပါ မြို့ရှောင်လမ်းပေါ်ကို အမြဲစီးဆင်းလျှက်ရှိပါကြောင်း၊ ထိုု့ပြင်  အဆိုပါ လမ်းတွင် ကားပတ်(ခ်)မရှိသည့်အတွက် လမ်းကိုကျော်ပြီး ရေများ စီးဆင်းလျက်ရှိသောကြောင့်   ကားများ သွားလာ၍ မရနိုင်သည့်အထိ ပျက်စီးခဲ့ ပါကြောင်း၊ အကယ်၍ အဆိုပါမြို့ရှောင်လမ်းသာ ကောင်းမွန်ခဲ့မည်ဆိုပါက လမ်းဆုံရှိ ‌ကားကြပ်မှုလည်း တစ်စိတ် တစ်ဒေသနည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ၊ ထို့ကြောင့် မြို့ရှောင်လမ်းကို ပြုပြင်ပေးရန်နှင့် ကားပတ်(ခ) ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက  မည်သည့်အချိန်တွင် ဆေင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။