(ဃ)-ကယားပြည်နယ်၊ဘောလခဲခရိုင်၏အဓိကအ ချက်အချာဒေသတစ်ခုဖြစ်သောဖားဆောင်းမြို့တွင် စက်မှုဇုန်(သို့)စက်မှုရပ်ကွက်(၁)ခုတည်ဆောက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-17
ဖာဆောင်းမြို့နယ် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ထုတ်ပေးနိုင်ရန် ဖာဆောင်းမြို့ နယ်တွင် စက်မှုဇုန် သို့မဟုတ်
စက်မှုရပ်ကွက်တစ်ခု တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် (က) ကယားပြည်နယ် ဘောလခဲခရိုင် အဓိက အချက်အချာတစ်ခုဖြစ်သော ဖာဆောင်းမြို့နယ်တွင် စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက်တစ်ခု တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် (ခ) အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဦးရဲထွဋ်တင် (ဖားဆောင်း) ကိုယ်စား ဦးကျော်ခိုင်ဝင်း (မယ်စဲ့) မေးမြန်းပါသည်။