(ခ)-လက်ပံတန်းမြို့နယ်၊ လက်ပံတန်း-ရကန်-ခမုံ ဆိပ်မြေသားလမ်းကို၂၀၁၅၊၁၆ဖြည့်စွက်ဘတ်ဂျက် တွင်ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်မှု ရှိ/မရှိနှင့် ၎င်းလမ်းပေါ်ရှိ သစ်သားတံတား (၂)စင်း ကိုအရေးပေါ်ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးကျော်မင်း (လက်ပံတန်း)ပြီးခဲ့သည့်မိုးရာသီ ဇွန်နှင့်ဇူလိုင်လများတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိမိတို့ လက်ပံတန်းမြို့ရှိ မြစ်မခရေကာတာ ကျိုးပေါက်ကာ လက်ပံတန်းကျုံမဟာ၊ သာတော မဟာဗျူဟာကားလမ်းနှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် ၄/၆ တို့ ရေတိုက်စား မျောပါခဲ့ပြီး တံတားအမှတ် ၁/၆ နှင့် ၃/၇ တို့တွင်လည်း ကြမ်းခင်းများ၊ အုတ်ခုံများ ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍မရနိုင်သည်အထိ  ဖြစ်ခဲ့ပါကြောင်း၊ ထို့အတူ လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်းလည်း မြစ်ရေတိုက်စားခဲ့သဖြင့် ကျောင်း၊ အိမ်၊ ဘူတာအလွန် တံတားအမှတ် ၁၅/၁၀၀  များ ပျက်စီးသွားခဲ့ပါကြောင်း၊ လက်ပံတန်းကျုံမဟာ၊ သာတောမဟာဗျူဟာကားလမ်းနှင့် လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်းများသည် လက်ပံတန်းမြို့ အနောက်ခြမ်းရှိ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၁၁၀ နှင့် လူဦးရေ ၈ သောင်းကျော် မှိခိုအားထားနေရသည့် အဓိကလမ်းများဖြစ်ပါကြောင်း၊ ထို့ပြင် လက်ပံတန်းရေကန် ခမုံဆိပ်မြေသားလမ်းတွင် သစ်သားတံတားနှစ်စင်းသာ ပျက်စီးခဲ့သည့် အတွက်ကြောင့် အနည်းဆုံးပျက်စီးမှု ရှိမည်ဖြစ်ပါကြောင်း၊ ထို့သို့တင်ပြရာ သုံးလမ်းအနက် လက်ပံတန်းကျုံမဟာ၊ သာတောမဟာဗျူဟာကားလမ်းနှင့် လက်ပံတန်းခမုံ၊ သာတောမီးရထားလမ်း ပေါ်ရှိ တံတားများကို ပြင်ဆင်ပေးမည်ဆိုပါက ၂၀၁၆-၁၇ ဘဏ္ဍာရေး ငွေလုံး ငွေရင်းရမှသာပြင်နိုင်မည့် အခြေအနေရှိသည်ဖြစ်သည့်အတွက် အချိန်များစွာ ကြန့်ကြာနိုင်ပါကြောင်း၊ ထို့ကြောင့် အပျက်အစီး နည်းပါးသည့် လက်ပံတန်းရေကန်ခမုံဆိပ်မြေသားလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဖြည်‌့စွက် ဘတ်ဂျက် RE တွင် အရေးပေါ်ကျောက်ချောလမ်း သို့မဟုတ် ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပြီး ၎င်းလမ်း ပေါ်မှာရှိသည့် ပျက်စီးသွားသော တံတားနှစ်စင်းကိုလည်း ယခုအချိန်တွင် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။