(ဂ)-ကလေးဝမြို့နယ်ရှိလျှပ်စစ်မီးမရရှိသည့်ကျေးရွာ များအားဆိုလာမီးများရရှိရေးတင်ပြချက်အပေါ်ဆောင် ရွက်ထားမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း
ကလေးဝမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ကလေးဝမြစ်သာမြစ်တို့၏ အစုံ ချင်းတွင်းမြစ်၏ အနောက် ဘက်ကမ်းတွင်
တည်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာ၊ အိမ်ထောင်စုပေါင်း ၉၅၉၆ စု၊ လူဦးရေပေါင်း ၄၇၈၈၄ ဦးရှိပြီး လျှပ်စစ်မီးသည့်လည်း မြို့တစ်မြို့တည်းသာသုံးစွဲနိုင်ပါကြောင်း၊ မဟာဓာတ်အားလိုင်းဖြတ်ကျော်လာပါလည်းကောင်း၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်မီးထုတ်ပါ လည်း ကောင်း ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာအုပ်စု ၃၀ တွင် လျှပ်စစ်မီးရရှိနိုင်မည် ဟုမျှော်လင့်ခဲ့ ပါ ကြောင်း၊ ယခုအခါ လျှပ်စစ်ကျောက်မီးသွေးစက်ရုံအနေဖြင့် မဟာဓာတ်အားလိုင်းသည် မော်လိုက်ကို လက်ဆေးကန်က တစ်ဆင့် ဖြတ်ကျော်မည်ြ့ဖစ်သည့်အတွက် မိမိတို့ကျေးရွာများတွင် မီးလင်းနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် ဆိုလာမီးများ တပ်ဆင် ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းလိုပါကြောင်း၊ ကလေးဝမြို့နယ်တွင် ကျေးရွာအုပ်စု ၁၂၅ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် ဆိုလာမီး ၃၀၀ သာ ရရှိထားပါကြောင်း၊ ကျွန်တော်တို့ပြောမယ်ဆိုရင် မိမိတို့အနေဖြင့် လျှပ်စစ်မီးကို ယနေ့အထိ ထုတ်ပေးနိုင်ခြင်းလည်း မရှိသည့်အတွက်ကြောင့် ကျေးရွာများတွင် လျှပ်စစ်မီးသုံးစွဲနိုင်ရန်အတွက် ဆိုလာမီးတပ်ဆင်ပေးရန်နှင့် လျှပ်စစ်မီးလင်းရေးကို ကျေးရွာအရောက် ခွဲတမ်းနှင့်အညီ ချထားပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။