(ဃ)-မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင်လူထု မှပူးပေါင်းပါဝင်နိုင်ရေးအတွက် နိုင်ငံတော်မှမူဝါဒချ မှတ်ထားခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းသည် အလွယ်တကူ ဝယ်ယူရရှိသည့်
မူးယစ်ဆေးဝါးများသုံးစွဲမှုကြောင့် အတိဒုက္ခရောက်နေကြရပြီး မူးယစ် ဆေးဝါးခြိမ်းခြောက်မှုအန္တရာယ်ကို အကြီးအကျယ်ခံစားနေရပါကြောင်း၊ အချို့သော လူမှုအဖွဲ့အစည်း နှင့် ဘာသာရေးအဖွဲ့အစည်းများသည် လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှစတင်၍ ပြည်သူလူထုများ ပူးပေါင်း ပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သူ၊ ရောင်းချ သူ၊ သုံးစွဲသူနှင့် လက်ဝယ်ထားရှိသူများကို ဖော်ထုတ်ဖမ်းဆီးကာ သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက် သွယ် အပ်နှံသည်ကို ကြားသိရပါကြောင်း၊ သို့သော် ဝေးလံခေါင်းပါးကျေးလက်ဒေသများတွင် အထက် ဖော်ပြပါအဖွဲ့အစည်းများအနေဖြင့် ရဲစခန်းသို့အပ်နှံခြင်း မပြုဘဲ ဖမ်းဆီးရမိ သက်သေခံ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားခံများကို ဒဏ်ငွေပေးဆောင်စေခြင်းများ ပြုလုပ်လျက်ရှိသည်ကို ကြားသိရသည့် အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် လူထုက ပူးပေါင်းပါဝင်နိုင်ရေး အတွက် နိုင်ငံ တော်က မူဝါဒချမှတ်ထားခြင်း ရှိ/မရှိနှင့် မူဝါဒချမှတ်ထားခြင်းရှိပါက မည်သည့် အချိန်တွင် မည်ကဲ့ သို့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။