(ဃ)-ကိုးကန့်ဒေသလူ့အရင်းအမြစ်များလေလွင့်ဆုံး ရှုံးမှုမှ ကာကွယ်ရန်နှင့် ပညာပေး ပြန်လည်ပြု စု ပျိုးထောင်ပေးနိုင်ရန်အတွက်ဆေးကုသစခန်းနှင့်ပြန် လည်ထူထောင်ရေးစခန်း(ခွဲ)ဖွင့်လှစ်ပေးမည့်အစီ အစဉ်များကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာများမှ
အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ယခုနှစ်တွင် ခေတ်သစ်မူးယစ်ဆေးဝါးများ၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အဆမတန်ပေါများလာသည်နှင့်အညီ ကိုးကန့်ဒေသခံ ပြည်သူလူထုနှင့် လူငယ်ထုများမှ မူးယစ်ဆေးဝါးသုံးစွဲသည့် အလေ့အထတစ်ခု ဖြစ်ထွန်းလာခဲ့ပြီး မူးယစ်ဆေးဝါး သားကောင်ဘဝ ရောက်ရှိနေကြပါကြောင်း၊ မိမိတို့ ကိုးကန့်ဒေသအတွက် လူအရင်းအမြစ်များ လေလွင့်ဆုံးရှုံးနေရခြင်းအပေါ် အားလုံးမှ ပါဝင်တိုက်ဖျက် ဆောင်ရွက်ကြရန် တာဝန်ရှိကြသကဲ့သို့ ဆေးကုသစခန်းနှင့် ပြန်လည်ထူထောင်ရေး စခန်းများဖွင့်လှစ်ပြီး ပညာပေးပြန်လည်ပျိုးထောင်ရန် လိုအပ်မည်ဟု ယုံကြည်ယူဆရမိပါကြောင်း၊ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးစခန်းခွဲ ဖွင့်လှစ်နိုင်ရေးအတွက် ယခင်ကပိတ်သိမ်းထားသော လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းဟောင်းမြေနေရာများမှာ ၄.၅ ဧက ကျယ်ဝန်းပြီး နှစ်ထပ်တိုက်တစ်လုံးနှင့် တစ်ထပ်တိုက် ၁၆ လုံးရှိပါကြောင်း၊ မြေလွတ်ဧက ၁၁.၅ ဧက အရန်သင့်ရှိပြီး ဖြစ်ပါကြောင်း၊ လွယ်ကူစွာ အသုံးပြုနိုင်ပြီး မူးယစ်ဆေးဝါးကုသရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းခွဲဖွင့်လှစ်ရန် အနေတော်အဆင့် အတန်းရှိပါသဖြင့် ကိုးကန့်ဒေသ လူအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ရန်နှင့် ပညာပေး ပြန်လည်ပြုစု ပျိုးထောင်ပေးနိုင်ရန်အတွက် ဆေးကုသစခန်းပြန်လည်ထူထောင်ရေးစခန်းခွဲ ဖွင့်လှစ်ပေးမည့် အစီအစဉ်များကို သိလိုပါကြောင်း မေးမြန်းပါသည်။