(င)-ကျောက်တန်းမြို့နယ်ရှိ ဒေသခံ မိဘပြည်သူ များ မျှော်လင့်လျက်ရှိသော မှော်ဝန်းချောင်းကူးတံ တားအသစ်တစ်စင်းကို တည်ဆောက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ကျောက်တန်းမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း (၅၇)အုပ်စု လူဦးရေ တစ်သိန်းခြောက်သောင်းကျော် သည် လယ်ယာလုပ်ငန်းနှင့် ရေထွက်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပါကြောင်း၊
ကျေးရွာအုပ်စုများကို မှော်ဝန်းချောင်းဖြင့် တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းဟူ၍ ပိုင်းခြားထားပါသည်။ မှော်ဝန်းချောင်း တောင်ဘက်ကမ်းမှာရှိသည့် ကျေးရွာများတွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့နှင့် ဆက်စပ်နေသဖြင့် ကျေးရွာအများစုသည် သွားလာရေးခက်ခဲသည့် ကျေးရွာများ ဖြစ်ပါကြောင်း၊ မှော်ဝန်းချောင်း တောင်ဘက်ကမ်းမှာရှိ ကျေးရွာများဖြစ်သည့် ပန်းတော၊ ဘော်ကလွတ်၊ ချောင်းဝ၊ မီးပြ၊ ဇွဲဘာကုန်းတန်း၊ ကွနှီး၊ ကမာကလုတ်၊ ကုလားတန်းစသည့် ကျေးရွာများမှ မိဘပြည်သူများအား ပန်းတောကူတို့ဆိပ်မှတစ်ဆင့် စက်လှေများဖြင့် မှော်ဝန်းချောင်းကိုဖြတ်ပြီး ကျောက်တန်းမြို့နှင့် သန်လျင်-ရန်ကုန်များကို နေ့စဉ်သွားလာနေကြပါကြောင်း၊ ထို့ကြောင့် အချိန်တိုအတွင်း သွားလာနိုင်ရန်အတွက် မှော်ဝန်းချောင်းကကိုဖြတ်ပြီး တံတားသစ်တစ်စင်း တည်ဆောက်ပေးရန် အထူးဆောင်ရွက်လျက် ရှိကြပါကြောင်း၊ တံတားသစ်တစ်စင်း တည်ဆောက် ပေးရမည်ဆိုပါက ဒေသထွက်၊ ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ သွားလာနိုင်မည်ဖြစ်ပြီး ဒေသကိုများစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းမြို့ကိုဖြတ်ပြီး တံတားသစ်တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။