(စ)-နှစ်စဉ်နိုင်ငံတော် ဘဏ္ဍာငွေ၏ လျာထားချက် များဖြင့်ဆောင်ရွက်လျက်ရှိသောကျေးလက်သောက် သုံးရေရေကန်များမည်ကဲ့သို့ပြုပြင်ဆောင်ရွက်မည် ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မိမိအနေဖြင့် အစိုးရသစ်လက်ထက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမို ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနသီးခြားခွဲပြီး လမ်း၊ဒေါ်ခင်သန်းမြင့် (ငပုတော) တံတား၊ ရေး၊ မီးအစရှိသည့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများကို အဓိကဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် နှစ်စဉ် နိုင်ငံတော်၏ ဘဏ္ဍာငွေလျာထားမှုနှင့် သောက်သုံးရေရရှိရေးအတွက် ကုမ္ပဏီအသီးသီးကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့ သော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်မှုမရှိဘဲ ကုမ္ပဏီကနေအဆင့်ဆင်‌့သော ကန်ထရိက်စနစ်များကို  ပြန်လည် ပေးခဲ့ သည့်အတွက် ပြည်သူများမှာ သောက်သုံးရေနှင့်ပတ်သက်ပြီး ပေးကားပေး၏ မရ ဖြစ်နေပါကြောင်း၊ ကျေးလက်ဒေသများတွင် အမှန်တကယ်ဆောင်ရွက်ရမည့် ရေကန်တစ်ခုအတွက်လုပ်ငန်းများကို လည်းလုပ်ငန်းညှိနှိုင်းဆောင်ရွက်ခွင့်တွေ မရခဲ့ပါကြောင်း၊ ထို့ကြောင့် ကျေးလက် သောက်သုံး ရေကန်များ ဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူသူများကို မည်သို့ဆောင်ရွက်သည်၊ တင်ဒါ ခေါ်ယူ ရာတွင် ရေကန်တစ်ခုအတွက်အပိုင်းလိုက်သတ်မှတ်ချက်နှင့် လုပ်ငန်းတန်ဖိုးများကို မည်ကဲ့သို့ သတ်မှတ်ထားသည်နှင့် သတ်မှတ်ထားရှိသည့်အတိုင်း ဆောင်ရွက်မှုမရှိသည့် သောက်သုံ းရေကန် ကုမ္ပဏီများအား မည်ကဲ့သို့ ဆောင်ရွက်သည်၊ ပြည်သူများအတွက် စံတိုစံချိန် စံနှုန်းပြည်‌့ဝစွာရရှိမည့် သောက်သုံးရေကန်များ မရရှိသေးသည့် ကန်ထရိက်စနစ်ကြီးကို မည်ကဲ့သို့ပြုပြင်ဆောင်ရွက် ပေးသွား မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။