(က)-ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်အများပြည် သူ သွားလာနေသည့် လမ်းမကြီးအား ပိတ်ဆို့ ထားသော Myanmar Mobile Money Services သည်နှင့်ယာဉ် ထိန်းဥပဒေအရ အရေးယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးစိုးဝင်း (ကျောက်တံတား)ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ အများပြည်သူသွားလာနေသော ဗိုလ်ရာညွန့်လမ်းတွင် ခိုင်မာစွာဆောက်လုပ်ထားသော သံတံခါးကြီးဖြင့် လမ်းပိတ်ဆို့ထားရှိပြီး ဌာနဆိုင်ရာယာဉ်များသာ အဝင်/အထွက်ရှိပါကြောင်း ထို့အပြင် ဝင်/ထွက်ပေါက်လမ်းကြောင်းအား ပိတ်၍ ယာဉ်မရပ်ရ။ တွေ့ရှိပါက ယာဉ်ထိန်းဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဒဏ်ငွေပေးလျော်ရမည်ဟူ၍ Myanmar Mobile Money Services ဟုပူးတွဲ ရေးသားထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် (က) အများပြည်သူများ သွားလာရန် လမ်းမကြီးအား ပိတ်ဆို့ထားသော Myanmar Mobile Money Services သည် မည်သည့်အခွင့်အာဏာအရ ပိတ်ဆို့ထားသည်။ (ခ) အများပြည်သူများအား ဖြတ်သန်းသွားလာရန်ခွင့်မပြုဘဲ ဌာနဆိုင်ရာယာဉ်များသာဆိုသည်မှာ မည်သည့်ဌာနမှယာဉ်များဖြစ်သည်။ (ဂ) ယာဉ်ထိန်းဥပဒေအရ အရေးယူမည် ဆိုသည်မှာ မည်သည့်ပုဒ်မဖြင့် အရေးယူမည်။ (ဃ) ယာဉ်မရပ်ရ ဆိုင်းဘုတ်ငယ်များကို အများပြည်သူသွားလာသောလမ်းမကြီးပေါ်တွင် ချထားခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးနန္ဒကျော်စွာ (ဒဂုံ) ကိုယ်စား ဦးစိုးဝင်း (ကျောက်တံတား) က မေးမြန်းပါသည်။